27 C
Yangon

သံတွဲမြို့ပေါ်ရှိ စစ်မှူထမ်းဟောင်းရုံးနှင့် ကြံ့ဖွတ်ပါတီရုံးတို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

ရခိုင်ပြည်၊ သံတွဲမြို့ပေါ်ရှိ စစ်မှုထမ်းဟောင်းရုံးနှင့် ကြံ့ဖွတ်ရုံးတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်သဖြင့် အဆောက် အဦးအချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၄ နာရီအကျော်အချိန် သံတွဲမြို့ပေါ် စစ်မှူထမ်းဟောင်းရုံးနှင့် ကြံ့ဖွတ်ရုံးတို့ကို စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ဗုံးကျဲခဲ့ခြင်း ဖြစ်ကြောင်း ၊ ယင်းသို့ ဗုံးကျဲတိုက်မှုကြောင့် သံတွဲမြို့ အမှတ် ၈ ရပ်ကွက်မှ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီရုံးနှင့် စစ်ကောင်စီတပ်သားစုဆောင်ရေးရုံး ပျက်စီးသွားကြောင်း သိရှိရသည်။

သံတွဲမြို့နှင့် ငပလီမြို့တို့သည် အာရက္ခတပ်တော် AA ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသည့် မြို့များဖြစ်ကြပြီး အဆိုပါမြို့နယ်မှ ကျေးရွာများကို စစ်ကောင်စီ လေကြောင်းက ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း စစ်ပွဲတိုင်း အရှုံးပေါ်နေသည့် စစ်ကောင်စီက အရပ်သားများ နေထိုင်ရာနေရာများ၊ ဘာသာရေး အဆောက်အဦး၊ စာသင်ကျောင်း၊ ဆေးရုံးနှင့် ရုံးများတို့ကို လေကြာင်းက အဓိက ပစ်မှတ်ထား ဗုံးကျဲနေခြင်းဖြစ်သည်။

ဓာတ်ပုံ – သံတွဲမြို့ပေါ်တွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော ကြံ့ဖွတ်ရုံးနှင့် အဆောက်အုံများ။

Photo- APM ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article