27 C
Yangon

ဘားအံတွင် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲနှင့် လှေလှော်ပြိုင်ပွဲလုပ်ရန်အတွက် စစ်ကောင်စီက ကျေးရွာတစ်ရွာလျှင် ၄၃ သိန်းကျပ် တောင်း၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ပြည်သူထံမှ ငွေပြန်ညှစ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် ၇၉ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲနှင့် လှေလှော်ပြိုင်ပွဲ ကျင်းပရန် ကျေးရွာတစ်ရွာလျှင် ငွေကျပ် ၄၃ သိန်းကျပ် စစ်ကောင်စီက အတင်းအကျပ် တောင်းခံနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အဆိုပါ ငွေကြေးများကို အောက်တိုဘာ ၂၅ ရက်နေ့ နောက်ဆုံးထားပေးသွင်းရမည်ဟုဖြစ်ပြီး သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီတောင်းခံသည့် ငွေကြေးရန် ကျေးရွားများတွင် တစ်အိမ်လျှင်ငွေကျပ် ၁ သောင်း မဖြစ်မနေ တောင်းခံနေကြောင်း သိရှိရသည်။

“တစ်ရွာထဲကိုပဲ သိန်း ၄၀ ၊ အနီးအနား ရွာတွေ အများကြီးဆိုတော့ ငွေက သိန်းထောင်ချီတောင်းနေတာ။ အထက်က ကောက်ခိုင်းလို့ပြီး တောင်းနေတာ။ အရင်က စေတနာရှိသလောက်ပဲ။ ၂ ထောင်၊ ၄ ထောင် စေတနာရှိသလောက် ပေးကြတယ်။ အခုက မထည့် မနေရ ။ မထည့်တဲ့ အိမ် မှတ်ထားတယ် လို့ ပြောတယ်။” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကရင်ပြည်နယ်ရှိ ရွာများတွင် ရေကြီး ရေလျှံ့မှုကြောင့် ပြည်သူများ အခက်အခဲရှိနေချိန်တွင် အတင်းအဓမ္မကောက်ခံနေခြင်းဖြစ်ကြောင်း၊ စီးပွားရေးအဆင်မပြေချိန်တွင် စစ်ကောင်စီက အထိမ်းအမှတ်ပြိုင်ပွဲအတွက်ဟုဆိုကာ ငွေကြေး ခြိမ်းခြောက်ကောက်ခံနေသည့်အတွက် ဒေသပြည်သူ ဒုက္ခရောက်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

Previous article
Next article
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article