29 C
Yangon

ဟားခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်း၊ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရသိရပါတယ်။

ဟားခါးမြို့ရုန်းတောင် အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မြို့သစ်ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး သက်ကြီးရွယ်အို ဇနီးမောင်နှံ ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ မိန်းကလေးငယ် ၁ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့မှာ ဟားခါးမြို့ပြင် Rual U သုသာန်ကုန်းရှိ စစ်ကောင်စီအဖွဲ့ဝင်တွေကို ဒေသခံတော်လှန် ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် သုသာန်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ မြို့ထဲကိုဆုတ်ခွာသွားပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ရာကနေ အရပ်သား ၄ ဦးကို ထိခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဟားခါးမြို့ပြင်မှာဖြစ်ပွားခဲ့တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့မနက်ပိုင်း သုသာန်ကုန်းကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ တဖန်ပြန်ပြီး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article