21.2 C
Yangon

နောင်ချိုနှင့်လာရှိုးမြို့တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ၊ MDY PDF ထိန်းသိမ်းထားသော စစ်သုံ့ပန်း ၈ ဦး အပါအဝင် လူ ၁၂ ဦးသေဆုံးပြီး လူ ၆၀ ဦးထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုနှင့်လာရှိုးမြို့တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၈ မိနစ်အချိန် လားရှိုးမြို့ကို လေယာဉ်ဖြင့် ဗုံးကျဲချသွားခဲ့ပြီး နေရာ အတိအကျ မသိရှိရသေးကြောင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီမှ ည ၁၀ နာရီဝန်းကျင်အထိ နောင်ချိုမြို့နယ် ဟိုခိုရွာကို ပေါင် ၅၀၀ ဗုံး ၃ လုံးအပါအဝင် ဗုံးအများအပြားကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် လူထိခိုက်မှုများပြားပြီး သေဆုံးမှုများရှိကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံပန်းများထားရှိရာ အချုပ်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သုံပန်း ၈ ဦး အပါ အဝင် လူ ၁၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ဦးဝန်းကျင် ရှိခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံပန်းများကို သုံပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားရှိခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့၏ တပ်ဖွဲဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ လေယာဉ်ဗုံးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သုံပန်းများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article