33 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၃၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ် အမ်းမြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA က ပိတ်ဆို့ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်တွေအတွက် ပြေးစရာမြေမရှိတော့ပဲ အလံဖြူထောင်မလား အသေခံမလား ရွေးရတော့မှာဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
  • မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ သေနတ် ၄ လက်ကိုပါ သိမ်းဆည်း ရရှိခဲ့တယ်လို့ ပေါက်မြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်မှာ အွန်လိုင်းငွေလိမ်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု နဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ၊ ဗိုလ် မုတ်သုန်၊ ဗိုလ် တင်ဝင်း နဲ့ ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဥရောပသမဂ္ဂ ကနေ ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article