33 C
Yangon

နောင်ချို၊ ဟိုခိုကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် စစ်သုံ့ပန်း ဗိုလ်မှူး နေဝင်း အပါအဝင် စစ်သုံ့ပန်း ၄ ဦး ထပ်မံ သေဆုံး၊ ၂ ရက်တာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၆ ဦးရှိလာ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် စစ်သုံ့ပန်း ဗိုလ်မှူး နေဝင်း အပါအဝင် စစ်သုံ့ပန်း ၄ ဦး ထပ်မံ သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁ နာရီအချိန် အကြမ်းဖက် စစ်ကောင်စီက စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်ကို ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံပန်း ဗိုလ်မှုးတစ်ဦးအပါအဝင် ၄ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦး ရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သုံ့ပန်းများမှာ ဘီလူးစစ်ကြောင်းမှ စစ်သုံပန်းများနှင့် အခြားစစ်သုံပန်းများ ဖြစ်ကြောင်း၊ သေဆုံးသူများမှာ စခတ ၂ ၊ ၇ မိုင်မှ ဗိုလ်မှူး နေဝင်း၊ စခတ ၂ သပိတ်ကျင်းမှ တပ်ကြပ် ကိုကိုအောင်၊ မိထ္တီလာ အမြောက်တပ် ၃၁၉ မှ တပ်ကြပ်ကြီးစာရေး အောင်လွင် ၊ ပျူစောထီး ဂျောနီအောင်တို့ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီက သုံပန်းအဖြစ် ဖမ်းဆီးခံရသော ၄င်းတို့၏ တပ်ဖွဲဝင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်သုံ့ပန်း၈ ဦး အပါအဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း၊ ယနေ့နှင့် ယမန်နေ့ ၂ ရက်တာ လေကြောင်းတိုက်ခိုက်မှု အတွင်း သေဆုံးသူ ၁၆ ဦး အထိရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article