28 C
Yangon

လှိုင်သာယာတွင် တရုတ်ကျားဖြန့် အွန်လိုင်း လုပ်ငန်းများ လာဘ်ယူ ခွင့်ပြုမှုဖြင့် အမှတ် ၁ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးမင်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ခိုင်မင်းကို၊ ဗိုလ်မှူးကြည်သာဇော်၊ ရဲမှူး ဇော်မင်းအောင် အပါအဝင် မြို့နယ်ဌာနဆိုင်ရာ အရာရှိများ စစ်ဆေးခံနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် တရုတ်ကျားဖြန့် အွန်လိုင်း လုပ်ငန်းများ လာဘ်ယူ ခွင့်ပြုမှုဖြင့် အမှတ် ၁ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးမင်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ခိုင်မင်းကို၊ ဗိုလ်မှူးကြည်သာဇော်၊ ရဲမှူး ဇော်မင်းအောင် အပါအဝင် မြို့နယ်ဌာနဆိုင်ရာ အရာရှိများ စစ်ဆေးခံနေရကြောင်း လှိုင်သာယာဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လှိုင်သာယာမြို့နယ်၊ အောင်ဇေယျအိမ်ယာဝန်းအတွင်းရှိ ကျားဖြန်အွန်လိုင်းဂိုဏ်းနှင့် အွန်လိုင်း လောင်း ကစားလုပ်နေသူများကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ဗျူဟာမှူ ဗိုလ်မှူးကြီ မင်းဇော်အပါအဝင် စစ်ဘက်နှင့်နယ်ဘက် အဆင့်ဆင့်တာဝန်ရှိများကို ဖမ်းဆီးစစ်နေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများတွင် လှိုင်သာ ယာ အရှေ့ပိုင်းမြို့နယ် တာဝန်ခံများဖြစ်သော အမှတ် ၁ နည်းဗျူဟာမှူး ဗိုလ် မှူးကြီး မင်းဇော် ၊ မြို့နယ်ထွေအုပ် ဦးစီးအရာရှိနှင့်အုပ်ချုပ်ရေး ခိုင်မင်းကို ၊ မြို့နယ်စီမံ -၁ ကြည်သာဇော် ၊ မြို့ နယ်ရဲတပ်ဖွဲ့မှူး ဇော်မင်းအောင်၊ မြို့မစခန်းမှုး – အောက်ထိုက်မင်း အမှတ် ၆ ရပ်ကွက် နယ်ထိန်း ရဲအရာရှိ ဝဏ္ဏဝင်း၊ လဝက ဦးစီးမှူး သန့်စင် နှင့် အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှုး လှဆန်း တို့ကို စစ်ကောင်စီက စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၊ အမှတ် ၆ ရပ်ကွက် ၊ အောင်ဇေယျာအိမ်ယာ၊ အင်းဝ ၆ လမ်း၊ အမှတ် ၁၉၂ နေအိမ်တွင် အွန်လိုင်းလောင်း ကစားဂိမ်းကစားနေကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်လုံခြုံရေးတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့ ရာ ယင်းနေအိမ်အတွင်း အွန်လိုင်းလောင်းကစားပြုလုပ်နေ သောအမျိုး သား၂၂ ဦး ကို ကွန်ပျူတာ ၃၁ လုံး ဆက်စပ်ပစ္စည်းများနှင့် အတူဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါလောင်းကစားဂိမ်းရုံပိုင်ရှင်တရုတ် အမျိုးသားတစ်ဦးနှင့်မန်နေဂျာ ၁ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

“အဲဒီလောင်းကစားနဲ့ပတ်သက်လို့ စကစ ဝင်ဖမ်းတာ။ အဲဒီလိုဖမ်းဆီးပြီးနောက်မှာ လှိုင်သာယာ အရှေ့ပိုင်းက စကစ ထိပ်ပိုင်းခေါင်းဆောင်တွေ စစ်ဆေးခံနေရတယ်။ ဒီကျားဖြန်နဲ့ပတ်သက်ပြီး အခု စစ်ဆေးခံနေရသူတွေက အဓိကတာဝန်ရှိသူတွေ၊ အဓိကတော့ လာဘ်ရထားလို့ ခွင့်ပြုထားတာ၊ နောက်ပြီးတော့ နဝဒေး FMI ၊ ကန်သာယာ အိမ်ယာတွေမှာလည်း ကျားဖြန်လုပ်ငန်းတွေ အခြေစိုက် ပြီးလှုပ်ရှားနေတယ်။ အဲဒါတွေလည်း နယ်မြေခံ ထွေအုပ်၊ စီမံ၊ ရဲနဲ့ ရပ်ကျေးတွေ ပေါင်းပြီး လုပ်စား တာ” ဟု လှိုင်သာယာမြို့နယ်မှ သတင်းရင်းမြစ်က ပြောကြားသည်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် တရုတ်နိုင်ငံသားများက ဟိုတယ်များဖွင့်လှစ်ခြင်း၊ စားသောက်ဆိုင်များ ဖွင့်လှစ်ခြင်းတို့နှင့်အတူ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများနှင့် အွန်လိုင်းလောင်းကစားရုံများကို လူမိုက်အဖွဲ့များငှားရမ်း၍ သက်ဆိုင်ရာစစ်ဘက်နှင့်မြို့နယ်အရာရှိများကို လာဘ်ထိုးကာ လုပ်ကိုင်မှုများ ကြီးထွားလာနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – လှိုင်သာယာမြို့နယ်၊ အရှေ့ပိုင်း အုပ်ချုပ်ရေးမှူး ခိုင်မင်းကိုနှင့် အဖွဲ့ဝင် ၁ ဗိုလ်မှူးကြည်သာဇော်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လှိုင်သာယာမြို့နယ်၊ အရှေ့ပိုင်း အုပ်ချုပ်ရေးမှူး ခိုင်မင်းကိုနှင့် အဖွဲ့ဝင် ၁ ဗိုလ်မှူးကြည်သာဇော်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article