31 C
Yangon

တောင်သာမြို့နယ် ရုံးစင်ကြီးရဲစခန်းမှ နယ်ထိန်းရဲ မောင်ချမ်းသည် ရည်းစား ဖြစ်သူကို လာရောက်တွေ့ဆုံစဉ် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ရုံးစင်ကြီးရဲစခန်းမှ နယ်ထိန်းရဲ မောင်ချမ်းသည် ရည်းစား ဖြစ်သူကို လာရောက်တွေ့ဆုံစဉ် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း တောင်သာ ပကဖ (TTA-PDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် တောင်သာမြို့နယ် ရုံးစင်ကြီးရဲစခန်းမှ နယ်ထိန် ရဲ မောင်ချမ်း (ခ) အရှည်ကြီးသည် ကျေးရွာတစ်ရွာတွင် ရည်းစားဖြစ်သူကို လာရောက်တွေ့ဆုံစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ထိုသို့ ဖမ်းဆီးစဉ် နယ်ထိန်းရဲ မောင်ချမ်းက တော်လှန်ရေး ရဲဘော်များကို ပြန်လည်ခုခံ ထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“သူက အိမ်ပြန်လာတဲ့ အချိန် ရည်စားဖြစ်သူကို လာတွေ့တုန်း ကျန်တော်တို့ သတင်းရလို့ ဝင်ရောက် ဖမ်းဆီးတာ ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးလိုက်တာ သေဆုံးသွားတယ်။ လက်နက်တော့မပါဘူး။ လက်ပစ်ဗုံးပါတယ်လို့တော့ သိရတယ်။ ကျန်တော်တို့ လိုက်ရှာတဲ့ အချိန်မှာတော့ မတွေ့ခဲ့ဘူး” ဟု တောင်သာ ပကဖ (TTA-PDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အတူ နေပြည်တော် ၈၀၁ တပ်ရင်း ၊ တောင်သာ ပလဖ ၊မိတ္ထီလာ ပကဖ ၊ စဥ့်ကိုင် ပကဖ ၊ ကျောက်ပန်းတောင်း ပကဖ ၊ ညောင်ဦးခရိုင်တပ်ရင်း၁ မှ တို့မှ မဟာမိတ် အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article