ရန်ကုန်၊ နိုဝင်ဘာ ၅
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရရှိသော ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သုံ့ပန်း ၁၇ ဦးအနက်မှ ဒဏ်ရာရသူများကို KNU က ဆေးကုသပေးနေကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂၉ရက်နေ့မှ ၃၁ရက်နေ့အတွင်း KNLA တပ်မဟာ ၅ နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းကို အပြီး သတ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများကို ပိုက်စိပ်တိုက်လိုက်လံရှင်းလင်းစဥ် စစ်သုံ့ပန်း ၁၇ ဦးကို လက်နက်များနှင့်အတူ အရှင်လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
အရှင်လက်ရဖမ်းဆီးနိုင်သူများတွင် ခမရ ၃၄၀ မှ တပ်ခွဲမှူးတစ်ဦး၊ ခမရ ၃၄၁ မှ တပ်ခွဲမှူးတစ်ဦး၊ ခလရ ၁၉ မှတပ်ခွဲမှူး၁ ဦးနှင့် ခမရ ၃၄၀ မှဆေးတပ်မှူးတစ်ဦးပါဝင်ခဲ့ကြောင်း၊ ထိုကဲ့သို့အရှင်လက်ရဖမ်းဆီးစဥ် ဒဏ်ရာရသူများအား POW(Prisoner of War)စစ်သုံ့ပန်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ကောင်းမွန်စွာဆေးကုသမှုများပေးထားကြောင်း KNU က ဆိုသည်။
ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ အလောင်း ၁၄ လောင်း၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သုံ့ပန်း ၁၇ ဦးကို လက်နက်ခဲယမ်းများနှင့်အရှင်ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ 60mm ၁၁ လက်၊ RPG-7 ၃ လက်၊ 81mm ၁ လက်၊ K-3 ၉ လက်၊ မြေမြှုပ်ဗုံးတစ်လုံး၊ တိုပီတို ၁၉ ထုပ်၊ 16-နင်းမိုင်း ၁၆ လုံး၊ 14-နင်းမိုင်း ၁၀ လုံး၊ တိုက်ဗုံး ၉ လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီး ၂ လုံး၊ 60mmကျည် ၁၃ တောင့်နှင့် RPG-7ကျည်ဖူး ၅ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar