27 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံတစ်ဝန်း စစ်မှုထမ်းကိစ္စနဲ့ တပ်သားသစ်စုဆောင်းဖို့အတွက် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လူမိုက်တွေနဲ့ပျူစောထီးတွေကိုပါ ပိုက်ဆံပေးပြီး လူငယ်တွေကို ဖမ်းဆီးခိုင်း တာတွေပါ အလွန်များပြားလာနေတယ်လို့ ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့နီး စပ်သူတွေကပြောထားသလို၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့သတင်းရင်းမြစ်တွေကပါ ပြောထားပါတယ်။
  • ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က ကျောက်လုံးကြီးစခန်းရှေ့မှာ မော်တော်ယာဉ်တွေကို ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက် ခိုက်ရာမှာ စစ်သား ၃ ဦးကတော့ အသီးသီး သေကုန်ကြပြီလို့ သံတောင် – PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက မင်းတပ်မြို့ကို ညသန်းခေါင်ကျော် အချိန် လေယာဉ်နဲ့ ဗုံးကျဲချမှုကြောင့် ဘုရားကျောင်း ၂ ကျောင်း အပါအဝင် လူနေအိမ်တွေပျက်စီးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article