32 C
Yangon

အုတ်ဖို၊ ရေကာတာကျေးရွာမှ ကျန်းမာရေးမကောင်း၍ အိပ်ရာထဲလဲနေသူ လူငယ် ၁ ဦးကို စစ်မှုထမ်း အပတ်စဉ် ၇ တွင် နာမည်စာရင်းပါသည်ဟုဆိုကာ စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးသွား၊ မင်းလှနှင့်ပေါင်းတည်တို့တွင် စစ်တပ်က ပေါ်တာဆွဲမှုနှင့်ငွေတောင်းမှုများ လုပ်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရေကာတာကျေးရွာမှ ကျန်းမာရေးမကောင်း၍ အိပ်ရာထဲလဲနေသူ လူငယ် ၁ ဦးကို စစ်မှုထမ်း အပတ်စဉ် ၇ တွင် နာမည်စာရင်းပါသည်ဟုဆိုကာ စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသော လူငယ်၏ မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နို၀င်ဘာလ ၈ ရက်နေ့ ည ၈ နာရီခန့်အချိန် အုတ်ဖိုမြို့နယ် ရေကာတာရွာမှ ကျန်းမာရေး မကောင်း၍ အိမ်ယာထဲလဲနေသည့် လူငယ် ၁ ဦးကို စစ်ကောင်စီ တပ်သားများက စစ်မှုထမ်းရန် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ အဆိုပါ လမ်းမလျှောက်နိုင်သည့် လူငယ်တစ်ဦးကို ငရှဉ့်ရိုးကျေးရွာမှ အုပ်ချုပ်ရေးမှူးက အမည်စာရင်းပေးထား၍ စစ်တပ်က စစ်မှုထမ်း အပတ်စဥ် ၇ အတွက် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်း မင်းလှမြို့နယ်၊ ဆင်တဲကုန်းရွာမှ ပြည်သူ ၅ ဦး နှင့် ဂွေးထောက်ကုန်းရွာမှ ပြည်သူ ၉ ဦးကိုလည်း ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်းတွင်လည်း မင်းလှမြို့နယ်မှ ပက်တန်းလေးရွာ၊ ပက်တန်းကြီးရွာ၊ မုက္ခာရွာနှင့် သဖန်းပင်ဆိပ်ရွာတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက် စီးနင်းပြီး မုက္ခာရွာ မှ ကိုကျော်သူ၀င်း၊ ပက်တန်းလေးရွာမှ ကိုနိုင်၀င်းကိုကိုနှင့် ပက်တန်းကြီးရွာမှ ကိုလာလူးတို့ ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့တွင် ပေါင်းတည်မြို့နယ်၊ ဖိုးခေါင်တင်ကျေးရွာမှ ပြည်သူများကို မုတ္တိုင်အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်းတပ်စွဲထားသော စစ်တပ်က အစည်းအဝေးယူ၍ စစ်မှုထမ်းရန် ခြိမ်းခြောက်ပြောဆိုခဲ့ပြီး အစည်းအဝေးတက်ရောက်လာသည့် ပြည်သူများကို စစ်တပ်အတွက် ထောက်ပံ့ကြေး ပေးရမည်ဟု ခြိမ်းခြောက်တောင်းခံခဲ့ကြောင်း၊ ထိုသို့ အစည်းအဝေး ခေါ်ယူပြီးနောက် ဖိုးခေါင်တင်ကျေးရွာမှ သန်းလွင် ၊ စိုးလှိုင်၊ သိန်းဆွေဦးတို့က ဦးဆောင်၍ ကျေးရွာအတွင်း အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၅ သောင်းမှ ငွေကျပ် ၂ သိန်းထိ လိုက်လံကောက်ခံခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article