24 C
Yangon

ပင်လောင်းနှင့် ဖယ်ခုံတွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ပြည်သူ ၂၀၀ ကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးထား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ပြည်သူ ၂၀၀ ကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးထားကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့က ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာမှ ကောက်ရိတ်ပြန်လာသော အရပ်သား ပြည်သူ ၂၀၀ ဦးကို ပင်လောင်း-ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသာ စစ်ကောင်စီတပ်ဖွဲ့မှ မတရားဖမ်းဆီးသွားပြီး ပင်လောင်းမြို့ အားကာစားရုံးအတွင်း ထိန်းသိမ်းထားကြောင်း၊ ဖမ်းစီးခံရသူ ပြည်သူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် အမျိူးသား၊အမျိုးသမီး မည်မျှပါဝင်သည်ကို စုံစမ်း နေဆဲ ဖြစ်ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပင်လောင်း-ဖယ်ခုံ ကြားရှိ၊ နန့်ဖာမူ ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်၊ ကျေးရွာများနှင့် ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များအား ဖောက်ထွင်း လုယက်ခြင်း၊ မီးရှို့ခြင်းများကို လုပ်ဆောင်ခဲ့ပြီး မည်မျှပစ္စည်း ဆုံးရှုံး သည်ကို အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“ဆုံးရှုံးမှုအိမ်တွေရဲ့အရေအတွက်အတိအကျ မပြောနိုင်သေးဘူး။ ခွေးစစ်ကြောင်းတွေက လမ်း ကြောင်းတလျှောက်မှာရှိနေတဲ့အတွက်ဖြစ်ပါတယ်၊ ခွေးစစ်ကြောင်းက ပင်လောင်းကနေ ဖယ်ခုံ မြို့ အထိတောက်လျှောက် လမ်းကင်းတွေရှိတယ်။ အဲဒီမှာ အသွားအလာတွေအမြဲတမ်းလုပ်ပါတယ်၊ ဖယ်ခုံမြို့ထဲအရောက်ရှိနေပြီ၊ လောလောဆယ်တိုက်ပွဲတွေမရှိသေးဘူး။ ငြိမ်နေတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

စစ်ကြောင်းထိုးရာ လမ်းလျှောက်တွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ မက လုပ်ဆောင် ခဲ့သည့်အပြင် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကျေးရွာများ၊ စစ်ရှောင်စခန်းများ ကိုလည်း လေကြောင်း၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလအတွင်း အသက် ၈ နှစ် အ ရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ရပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article