29 C
Yangon

မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ဒဏ်ရာရပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား

Must read

မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ဒဏ်ရာရပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ပဲခူးတိုင်း၊ မူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်မှုကြောင့် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရှိပြီး ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်ဆီးသွားကြောင်း KNU ဗဟိုက ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁ဝ နာရီ ၃၀ မိနစ်ခန့်တွင် မူးမြို့နယ်အတွင်းရှိ နတ်သံကွင်းရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၁၇ လုံး ပစ်ခတ်ခဲ့ရာ ယဉ်လှည်းရွာ၊ ရွာကြီးအင်းရွာ၊ တောင်ဆူးရွာ၊ သဲကုန်းရွာ၊ အညောင်းဆူးရွာ၊ ငနွားဆင်ရွာနှင့် အနောက်ဝက်တူးရွာတို့၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး အနောက် ဝက်တူး ကျေးရွာမှ အသက် ၄၂ နှစ်အရွယ် မမူနော် နှင့် အသက် ၅၁ နှစ်အရွယ် မသီတာစန်း တို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိရသည်။

အလားတူ ကွင်းချောင်းဝရွာတွင် တပ်စွဲထားသေ အကြမ်းဖက် စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဟော်ခို့ဂေါ်ကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်း စစ်ဘေးတိမ်းရှောင် လာသည့် အသက် ၂၇နှစ်အရွယ် နော်မုဂေဝါး နှင့် အသက် ၂၃နှစ်အရွယ် စောဆယ်ပလူဝါး တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စောဆယ်ပလူဝါး၏ ဆိုင်ကယ် ၁ စီး အပြင် ဟော်ခို့ဝေါ်ကျေးရွာမှ စောမီးတာဟိန်း၏ နေအိမ်တို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ရွာကြီးအင်းကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးသီလနှင့် နို့ကလော်ကျေးရွာမှ အသက် ၃၃ နှစ်အရွယ် စောနိုင်တင်ထူး တို့ကို ဖမ်းဆီးခဲ့ပြီး ကျောက်ကြီးရဲစခန်းကို ပို့ဆောင်ကာ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၃၅၁ နှင့် ခလရ ၆၀ တပ်ရင်း ပူးပေါင်းအဖွဲ့က လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ တောင်းဆူးကျေးရွာ အတွင်းတွင် ၁ လုံးနှင့် စော်ဘောကုန်း ကျေးရွာတွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article