ဆားလင်းကြီးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ချီတက်
ဆားလင်းကြီးမြို့နယ်တွင် ဒေသပြည်သူများက ၅/လက်ပံတောင်းသပိတ်စစ်ကြောင်း ၊ ၅/ဆလကသပိတ်စစ်ကြောင်း၊ ချင်းတွင်းမြစ်ကမ်းကမ်းဘေးကျေးရွာများသပိတ်တို့နှင့် ပူးပေါင်းပြီး ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် “စစ်ကျွန်မခံဒို့ငြင်းဆန် အမျိုးသားနေ့ဟစ်ကြွေးသံ”စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ချီတက်ခဲ့ကြကြောင်း သိရှိရသည်။