ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အခြေစိုက် ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ အလံဖြူထောင်လက်နက်ချမှုများရှိနေကြောင်း ရခိုင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ရှိ ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တို့မှ တပ်သားများစွာသည် အလံဖြူထောင်၍ AA ထံတွင် လက်နက်ချလာကြကြောင်း၊ လတ်တလော တောင်ကုတ်မြို့ကို AA က ထိန်းချုပ်ထားကြောင်း သိရှိရသည်။
“စကခ ၅ ထဲမှာတော့ တိုက်ပွဲ ဆက်ဖြစ်နေတယ်။ ခမရ ၃၄၆ နဲ့ ၅၄၄ က တပ်သားတွေ လက်နက်ချ အလံဖြူထောင်တာရှိတယ်။ လက်နက်မချဘဲ ဆက်တိုက်နေသူတွေလည်းရှိတယ်။ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်နေဆဲပါပဲ” ဟု ရခိုင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက AA စစ်ရုံးနှင့်နီးစပ်သော သတင်းရင်းမြစ်ထံသို့ တောင်ကုတ်မှ စစ်ကောင်စီတပ်ရင်း ၂ ခု မှ တပ်သားများစွာ အလံဖြူထောင် လက်နက်ချသည်ဆိုသော သတင်းနှင့်ပတ်သက်၍ မေးမြန်းရာ လက်ရှိအချိန်အထိ မြေပြင်သတင်းအတိအကျ ရောက်ရှိလာခြင်းမရှိသေးကြောင်း၊ အလံဖြူထောင် လက်နက်ချသည်ဆိုသော သတင်းများ ရရှိထားကြောင်း ပြောဆိုသည်။
ဓာတ်ပုံ – ယခုနှစ် မေလအတွင်း ဘူးသီးတောင် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု တပ်မဌာနချုပ် မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များ ရာချီ၍ AA ထံတွင် လက်နက်ချ အညံ့ခံစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar