ရန်ကုန်၊ နိုဝင်ဘာ ၂၈
နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Lumte ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဆေးရုံအဆောက်အဦနှင့် အနီးအနားရှိ နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျန်းမာရေး ဝန်ထမ်း ၂ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
စစ်ကောင်စီက ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများနှင့် ပြည်သူ့ဆေးရုံကို ရည်ရွယ်ချက်ရှိရျိ ပစ်မှတ်ထားတိုက်ခိက်ခြင်းမှာ စစ်ရာဇဝတ်မှုကျူးလွန်မှုဖြစ်ပြီး ချင်းပြည်အစိုးရက ပြင်းထန်စွာ ရှုတ်ချကြောင်း၊ စစ်ကောင်စီက အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်နေပြီး လူမျိုးတုန်းသတ်ဖြတ်မှုများကို ရက်စက်စွာ ကျူးလွန်နေကြောင်း ချင်းပြည်အစိုးရက ကြေညာချက် ထုတ်ပြန်ထားသည်။
ချင်းပြည်အစိုးရအနေဖြင့် Lumte ပြည်သူ့ဆေးရုံပျက်စီးဆုံးရှုံးမှုနှင့် အပြစ်မဲ့ ပြည်သူများ သေဆုံးမှုအပေါ် လွန်စွာ ဝမ်းနည်းကြောင်း၊ စစ်ကောင်စီနှင့် ပူးပေါင်းသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း တရားဝင် သတိပေးကြေညာထားသည်။
ဓာတ်ပုံ – ဖလမ်း၊ Lumte ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အပျက်အစီးများ။
Photo- The Chin Post
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar