26 C
Yangon

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ၁၀ ရက်ကြာတိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၅၀ ကျော် သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်းအထိ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ ဒေသတွင် စစ်တပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် လက်နက်ခဲယမ်းများလည်းသိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ဒီဇင်ဘာလ ၉ ရက်နေ့လယ် အထိဖြစ်ပြီး အခုတော့ ထပ်ငြိမ်နေပါတယ်။ ပြန် ဆုတ်သွားတာမဟုတ်ဘူး၊ နှစ်ဖက်ဆိုင်ထားတဲ့ အနေ အထားပါ။ တိုက်ပွဲ ၁၀ ရက်အတွင်း လေယာဉ် လာတာတော့မရှိဘူး။ သေဆုံးစစ်သားအလောင်းတွေလည်း သိမ်းမိတာရှိပါတယ်။ အရှင် ဖမ်းမိတာ မျိုးတော့ မရှိဘူး။ စစ်ခွေးတွေက စစ်ကြောင်းခွဲ ခွဲပြီးတက်နေတာ။ ကျနော်တို့တပ်ဖွဲ့ဝင်တွေအားလုံး ဘေး ကင်းပါတယ်။ ခက်ခဲတဲ့ကာလဖြစ်ပေမယ့် မိဘပြည်သူတွေအနေနဲ့ အားတင်းထားကြဖို့၊ ဆက်လက် ပူး ပေါင်းတော်လှန်ကြဖို့ ပြောလိုပါတယ်” ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ကျောက်ဂူဒေသအခြေစိုက် တပ်များဖြစ်သည့် အမှတ် ၃၄၉ အမြောက်တပ်၊ ကျောက်ဂူအမြောက်တပ် – အမတ ၃၄၉ ၊ နောင်ဝိုးတပ် – ခလရ ၂၉၂ နှင့် နောင်ချိုမြို့နယ် တောင်ခမ်းဘက်သို့ ရပ်စောက်ဘက်မှ စစ်ကူသွားရန် တက်လာသည့် အကြမ်း ဖက်စစ်တပ် စစ်ကြောင်းတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ နှစ်ဖက်တပ်များ ရင်ဆိုင်ထားဆဲဖြစ်ပြီး ဆက်လက် တိုက်ပွဲပြင်းထန်လာနိုင် သောကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာဒေသရှိ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးဝေး နေထိုင်ကြရန် ၊ ဘေးကင်းလုံခြုံသည့်နေရာများတွင်သာ စစ်ဘေးရှောင်ကြရန် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် -DPLA က မေတ္တာ ရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article