24 C
Yangon

နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၃ ဦး ဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီတပ်က သရက်ကုန်းတောင်ဘက်မှနေ၍ ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီး ၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးကျည်များသည် ဆမ္မကျေးရွာအတွင်းရှိ အမှတ် ၁ သကြားစက်ရုံဝန်းတွင် ၁ လုံး၊ စက်ရုံဘေးတွင် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးစုစုပေါင်း ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ၊ဒဏ်ရာရရှိသည့် အမျိုးသား ၂ ဦးမှာ ဦးခေါင်းတွင် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိပြီး ၎င်းအမျိုးသမီးမှာ ပေါင်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကား ၂ စီးအပါအဝင် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများမှ ပြည်သူလူထုများအေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်မရှိစေရန် လက်နက် ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြု ဗုံးကျဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း၊ ပြည်သူလူထုများအနေဖြင့် အထူးဂရုပြုကြရန် လိုအပ်ကြောင်း TNLA က သတိပေးထားသည်။

စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကျဲချတိုက်ခိုက်နေရာ နိုဝင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့မှ ပြည်သူ ၁၇ ဉီး သေဆုံးပြီး ၂၆ ဉီးထိမှန်ဒဏ်ရာရရှိကာ နေအိမ်အများအပြားပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article