25 C
Yangon

မောင်တော၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများကို စစ်သုံ့ပန်းအဖြစ် AA က ဖမ်းဆီး၊ စစ်တပ်ဘက်မှ သေဆုံးသူ ၄၅၀ အထက်ရှိပြီး လက်နက်ခဲယမ်းများ ရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများ၊ စစ်သားများ၊ လက် အောက်ခံ မွတ်စလင် လက်နက်ကိုင်များကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နခခ ၅ ကို အသည်းအသန် ခုခံခဲ့သော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား အာရက္ခတပ်တော် AA က ဖမ်းဆီးရမိကြောင်း၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် မောင်တောမြို့ကို မကျစေရေးအတွက် ဘူးသီးတောင်၊ မောင်တောဒေသမှ မွတ်စလင်များကို စည်း ရုံးပြီး လက်နက်တင်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းအပါအဝင် လူမျိုးရေးပဋိ ပက္ခများအား ဖန်တီးကာ အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရာတွင် ဦး ဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားနှင့် RSO၊ ARSA၊ ARA အဖွဲ့ဝင်များ၊ စစ်ကောင်စီက သင်တန်းပေးထားသည့် မွတ်စလင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို စစ် သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

မောင်တောမြို့တွင် နောက်ဆုံးလက်ကျန်စခန်းတစ်ခု ဖြစ်သော အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် အာရက္ခတပ်တော်က အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ မောင်တော ဒေသတစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး နခခ ၅ ထဲမှ ထွက်ပြေး လွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရှိသောကြောင့် ၎င်းတို့အားလိုက်လံရှာဖွေလျက် ရှိကြောင်း သိရှိရသည်။

နခခ (၅) စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင် တည်ရှိပြီး စစ်အင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားသော M14 မိုင်း ပေါင်း ၁၀၀၀ ကျော်ကို ရှင်းလင်းရရှိခဲ့ကြောင်း၊ အာရက္ခမိုင်းရှင်းလင်းရေးစစ်သည်တော်အချို့လည်း အသက်နှင့်ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ပေးဆပ်ခဲ့ရကြောင်း သိရှိရသည်။

နခခ (၅) စခန်းကို လွန်ခဲ့သော ၂ လခန့်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားကာ ထိုးစစ်ရက်ပေါင်း (၅၅) ရက် ခန့်ကြာမြင့်ကြောင်း၊ အဆိုပါ ထိုးစစ်အတွင်း အလောင်းများစာရင်းအရ စစ်သား ၄၅၀ အထက် သေဆုံးနိုင်ခဲ့ပြီး ဘူးသီးတောင်မြို့၊ ထို့အပြင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article