26 C
Yangon

ရေဖြူနှင့် ရေးမြို့နယ်ရှိ စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ရေကန်တောင်၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ၏ မိုက်ခရိုဝေ့ခ် (Microwave) တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိ သူ ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၇ ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်က ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အတွင်းရှိ ရေကန်တောင်၌ တပ်စွဲထားသော စစ်ကောင်စီ ဆက်သွယ်ရေးမိုက်ခရိုဝေ့ (Microwave) တပ်စခန်း ကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ၍ မြေပြင်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်အကြာဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ ကျန်အကြမ်းဖက်စစ်သားများမှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း၊ ထို့ ကြောင့် စစ်ကောင်စီတပ်စခန်း ဘားတိုက်၊ အဆောင်များမီးရှို့ဖျက်ဆီး၍ နံနက် ၆ နာရီ မိနစ် ၃၀ အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသော MA 11 အမျိုးအစား သေနတ် ၃ လက်၊ ကပစ ထုတ် ၅ ဒသမ ၅၆ ကျည် ၅၇၈‌ တောင့် ၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၁၁ လုံး၊ ၄၀ မမ ဗုံးသီး ၃၆ လုံး ၊ ရှေ့ထွက်မိုင်း ၃ လုံး၊ ကျည်ဘောက်များ၊နှင့် ကွန်ပျူတာတစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၇၃ တပ်ရင်း၏ ဗဟိုကင်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်း၊ ထားဝယ်ပြည်သူ့လွတ် မြောက်ရေးတပ် (TPLF) ၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) ၊ ရေဖြူ(ပကဖ)နှင့် သာဂရစစ်ကြောင်း တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ရေးမြို့နယ်မြောက်ပိုင်း၊ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်းမှ ကနင်ကမော့ လမ်း ကွမ်ကျိုက်ကျေးရွာ၌ တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ် ကြောင်းမှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက် နံနက် ၆ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၃ နယ်မြေ အ တွင်းရှိ ရေးမြို့နယ်၊ မြောက်ပိုင်း အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်း မှ ကနင်ကမော့ လမ်း ပိုင်း၊ ကွမ်ကျိုက်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီ ၄၂ မိနစ်တွင်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၅၈၇ တပ်ရင်းမှ ဗိုလ်ကြီးအဆင့် ရှိသူတစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်း ဆည်းနိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း မှ ရဲဘော် ၁ ဦး နှင့် မွန်ပြည် သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ဒေါနတပ်ရင်း၊ မွန်ပြည်တော်လှန်ရေး တပ် (MSRF) ၊ မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၊ ကရင်လွတ်မြောက်ရေးတပ်မ တော် (KNLA) နှင့် ရေး ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article