28 C
Yangon

မြိုင်မြို့ပေါ်နှင့် စက်မှု ၂ ကို ရောက်ရှိနေသော စစ်တပ် စစ်ကြောင်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မကွေးတိုင်း၊ မြိုင်မြို့ပေါ်နှင့် စက်မှု ၂ ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပခုက္ကူ ၁၀၁ မှ မြိုင်မြို့နယ် စက်မှု ၂ ကို ရောက်ရှိလာသော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် မြိုင်မြို့ပေါ်သို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရော့ကတ် ၆ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စက်မှု ၂ က စစ်ခွေးတွေကို တိုက်ခိုက်တာကတော့ အမိုးအဆောင်တွေပေါ် ကျရောက် ပေါက်ကွဲပြီး စစ်ခွေးတွေ ထိခိုက်မှုရှိတယ်။ မြိုင်မြို့ပေါ် တိုက်ခိုက်မှုကတော့ ထိခိုက်မှု မသိရသေးဘူး” ဟု ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ နှင့် ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ မြိုင်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article