32 C
Yangon

အုတ်ဖိုရှိ ဈေးဆိုင်များကို PDF တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးပြီး စစ်တပ် ထုတ်ကုန် အရက်နှင့် ဘီယာများကို သိမ်းဆည်း ဖျက်ဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ဈေးဆိုင်များကို ရှောင်တခင် ဝင်ရောက် စစ်ဆေးပြီး စစ်တပ် ထုတ်ကုန် အရက်နှင့် ဘီယာများကို သိမ်းဆည်း ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အုတ်ဖိုမြို့နယ်အတွင်းရှိ စျေးဆိုင်များ၌ အကြမ်းဖက် စစ်တပ်ထုတ်ကုန် အရက်နှင့် ဘီယာများ ရောင်းချနေမှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များမှ ရှောင်တခင် ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် စစ်ဆေးစဉ် အကြမ်းဖက် စစ်တပ်ထုတ် အရက်နှင့် ဘီယာများ တွေ့ရှိရ၍ အရေးယူ ဖျက်ဆီးကာ စစ်တပ်ထုတ်ကုန်များ အသုံးမပြုရေးအတွက် သတိပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“စစ်တပ် ထုတ်ကုန်တွေ မရောင်းချဖို့ အကြမ်းဖက် သတိပေးထားပေမယ့် ဆက်လက် ရောင်းချနေတဲ့ အတွက် အရက်နဲ့ ဘီယာတွေကို သိမ်းဆည်းပြီး ဖျက်ဆီးလိုက်ပါ။ ရောင်းချနေတဲ့ သူတွေကိုလည်း ဆက်လက် မရောင်းချဖို့ အတွက် သတိပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ဆက်လက်၍လည်း ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ အမျိုးမျိုး ဒုက္ခပေးနေသည့် အကြမ်းဖက်စစ်တပ်ကို ဝင်ငွေရစေသော စစ်တပ်ထုတ် အရက် ဘီယာ ရောင်းချသည့် ဆိုင်များအား ဝင်ရောက် ဖမ်းဆီး ဖျက်ဆီးမှုများကို ထိထိရောက်ရောက် လုပ်ဆောင်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်တပ်ထုတ်ကုန် အသုံးမပြုကြရန် အသိပေးလိုကြောင်း ရဲဘော်ဒူးယားက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article