21 C
Yangon

မံစီမြို့ ခမရ ၃၁၉ တပ်စခန်း၏ ဘန်ကာတချို့ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တပ်ရင်းမှူးနှင့် ဗျူဟာမှူး ပျောက်ဆုံးနေ၊ ဗန်းမော်တွင်လည်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားနေပြီး စကခ ၂၁ တပ်မှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်ဒုတပ်မှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်တို့ ပုန်းအောင်း ခုခံနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ကချင်ပြည်နယ်၊ မံစီမြို့ ရှိ ခမရ ၃၁၉ တပ်စခန်း၏ ဘန်ကာတချို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ခမရ ၃၁၉ တပ်ရင်းမှူးနှင့် ဗျူဟာမှူးတို့ ပျောက်ဆုံးနေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြစ်တချို့ ထံမှ သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် မံစီမြို့ရှိ စစ်ကောင်စီတပ်အရေးကြီးသော စခန်းကုန်းတချို့ အပါအဝင် ခမရ ၃၁၉ တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိကြောင်း၊ မံစီမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ-၃၁၉၊ ခမရ ၆၀၁ နှင့် အမှတ် ၅၂၃ အမြောက်တပ် တပ်ရင်း ၃ ခုကို တပြိုင်နက်တည်း KIA က တိုက်ခိုက် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မံစီမှာ တပ်စခန်း အကုန်မရသေးဘူး။ ခမရ ၃၁၉ တပ်ရင်းမှူး သေသလားရှင်သလားမသိဘူး။ သူတို့အထက်အရာရှိတွေနဲ့အဆက််အသွယ်ပြတ်တောက်နေတယ်လို့ကြားတယ်။ ဗျူဟာမှူးလည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ဗန်းမော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဗန်းမော်နည်းပညာတက္ကသိုလ် အပါအဝင် တပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်နေကြောင်း၊ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ကိုမူ ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြားသကဲ့သို့ တော်လှန်ရေးတပ်များဘက်တွင်လည်း ထိခိုက်ဆုံးရှုံးမှုများ ရှိနေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

တပ်သတင်းရင်းမြစ်တချို့ကမူ ဗန်းမော်အခြေစိုက် စကခ ၂၁ မှ တပ်မမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်တို့မှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ပုန်းအောင်း နေရာရွှေ့ ခုခံစစ်ဆင်နေကြောင်း၊ စခန်းများကျလျှင် အဖမ်းမခံရရေးအတွက် ထွက်ပေါက်ရှာ ခုခံစစ်ဆင်နေကြောင်း၊ နေပြည်တော်စစ်ရုံးကလည်း စခန်းများမှ စွန့်ခွာရပါက လုံး၀ မည်သည့်နည်းနှင့်မှ အဖမ်းမခံရန် ၊ အောင်မြင်စွာ ဆုတ်ခွာမည့် လမ်းကြောင်းရှာ ထားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ယနေ့ အထိ ၂၂ ရက်ကြာ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article