ရန်ကုန်၊ ဒီဇင်ဘာ ၂၇
အာဆီယံဥက္ကဋ္ဌ ရာထူးရယူတော့မည့် မလေးရှားဝန်ကြီးချုပ် အန်နဝါက ထိုင်းဝန်ကြီး ချုပ်ဟောင်း သက်ဆင်ရှနဝပ်ကို တွေ့ဆုံပြီး မြန်မာ့အရေးကိစ္စ အပါ အဝင် ဒေသတွင်း ကိစ္စများကို ဆွေးနွေးကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
အာဆီယံဥက္ကဋ္ဌ ရာထူးရယူမည့် မလေးရှားဝန်ကြီးချုပ်က ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှနဝပ်ကို အကြံပေးအဖြစ် ခန့်အပ်ထားပြီးနောက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုအတွင်း အရေးကြီးသော ဒေသဆိုင်ရာ ဦးစားပေးများကို အဓိကထား ဆွေးနွေးခဲ့ကြပြီး စီးပွားရေး ပြန်လည် ရှင်သန်လာစေရေး၊ ဖွံဖြိုးတိုးတက်နေသော နည်းပညာများကို အသုံးချရေး၊ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရေးနှင့် မြန်မာနိုင်ငံ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေးတို့ ပါဝင်ကြောင်း သိရှိရသည်။
သက်ဆင်၏ ဒေသတွင်း ကြီးမားသော ဆက်ဆံရေးကွန်ရက်နှင့် အတွေ့အကြုံကောင်းများက မလေးရှားနှင့် အာဆီယံအတွက် တန်ဖိုးမဖြတ်နိုင်သော အခွင့် အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း၊ မလေးရှားနှင့် ထိုင်း နှစ်နိုင်ငံကြား ခိုင်မာသည့် နှစ်နိုင်ငံ ဆက်ဆံရေးကို ခိုင်မာစေမယ့် နည်းလမ်းများကိုလည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မလေးရှားနိုင်ငံသည်လာမည့် ၂၀၂၅ ခုနှစ်တွင် အာဆီယံအဖွဲ့ကြီး၏ အလှည့် ကျ ဥက္ကဋ္ဌ ရာထူးတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar