ဒီကနေ့ ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်ကို တိုးတက်အောင် သူက ဆောင်ရွက်နိုင်ခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့က ပြည်ထောင်စုပြိုကွဲအောင် ဦးတည်လုပ်နေကြတယ်ဆိုပြီး အပြစ်တင် ပြောဆိုလိုက်ပြန်ပါတယ်။
- ပဲခူးတိုင်း ၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောာင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီ တပ်သား ၁၁ ဦးကတော့ နေရာမှာတင် အသီးသီး သေကုန်ကြပြီး ၊ အဲဒီ စစ်သားတွေရဲ့ အလောင်းတွေကို နာရေးကား ၃ စီးနဲ့ လာသယ်သွားကြတယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း ၊ မြစ်ခြေ-ကမ္မ အစပ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar