ရန်ကုန်၊ ဇန်နဝါရီ ၁
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ အသောကဘုန်းကြီးကျောင်းအနီး ခိုင်ခိုင်ကျော် ဓာတ်ဆီဆိုင်နှင့် နန်းထိုက်စံဓာတ်ဆီဆိုင်အကြားတွင် စစ်တပ်စစ်ကြောင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦး သေ ဆုံးခဲ့ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော် – တပ်ရင်း ၃ – တောင်တွင်းကြီးတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီအချိန် တောင်တွင်းကြီးမြို့နယ်၊ အသောကဘုန်းကြီးကျောင်း၏ မျက်နှာချင်းဆိုင် စပါးဒိုင်တစ်ခုတွင် အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးအဖွဲ့ဝင်များ လှုပ်ရှားနေကြောင်း သတင်းအရ ခိုင်ခိုင်ကျော်ဓာတ်ဆီဆိုင်နှင့် နန်းထိုက်စံဓာတ်ဆီဆိုင်အကြားတွင် ကြိုတင် အသင့် ပြင်ဆင်ထားသော အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးထိခိုက်သော စစ်သား၊ ပျူစောထီးများထံမှ ထွက်ကျလာသည့် သွေး ကွက်များကို ထုံးများဖြင့် ဖုံးအုပ်ထားသည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်တွင်းကြီးတပ်ရင်း နှင့် ပုဏ္ဏ ဝတီ အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်း လုံခြုံရေး နှင့် တိုက်ပွဲဆောင်ရွက်မှုများကို ဆက်လက်အားဖြည့်သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းနှင့် ကင်းလှည့်ရန် ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံး ခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ – လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၃၁ ရက် နံနက် ၉ နာရီခန့်က မုံရွာမြို့အခြေစိုက် နမခမှ ထွက်လာသော သံချပ်ကာ ကား ၆ စီးပါ ယာဉ်တန်းကို လုံခြုံရေးယူပေးရန် ချောင်းဦးမြို့တွင်းမှ ထွက်လာသည့် အင်အား ၃၀ ခန့်ရှိ စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကို ခေတ္တခဏငြိမ်သက်စောင့်ဆိုင်းကာ မုံရွာမြို့ အခြေစိုက် နမခမှ ထွက် လာသည့် အကြမ်းဖက်စစ်ယာဉ်တန်းကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ သံချပ်ကာ ကားများထိခိုက်မှု ရှိသော်လည်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ယင်းတိုက် ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ – လျှပ်စီးတပ်ခွဲ၊ 11 People Defense Force ၊ မုံရွာခရိုင် အမှတ် – ၁၅ တပ်ရင်း နှင့် Nway Oo Brothers Column (နွေဦးညီကိုစစ်ကြောင်း) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – မိုင်းဆွဲခံထားရသည့် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar