18 C
Yangon

ပျဉ်းမနားမြို့တွင် မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူး သုံးစွဲနေသော ကျော်သိန်းက လူ ၁ ဦးကို မီးရှို့သတ်ဖြတ်မှု ရဲများက ဖမ်းဆီး အရေးယူမှု မရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

နေပြည်တော်၊ ပျဉ်းမနားမြို့တွင် မူးယစ်ဆေး ရောင်းဝယ် ဖြန့်ဖြူးနေသော ကျော်သိန်းဆိုသူက ဆေးကြောင်၍ လူ ၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုအတွက် ရဲများက တရားခံကျော်သိန်း ကို ဖမ်းဆီးအရေးယူခြင်းမရှိကြောင်း အသတ်ခံရသူ၏ မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ ညသန်းခေါင်အချိန် ပျဥ်းမနားမြို့၊ ဦးကျေး ရပ်ကွက် ပေ ၈၀ ယုဇနလမ်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးနေသော ကျော်သိန်းဆိုသူက ဆေးကြောင်ပြီး ရပ်ကွက်နေ ပြည်သူ ၁ ဦးဖြစ်သူ ကိုနေနေကို ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မီးရှို့ခံရမှု အတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် ကိုနေနေသည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရပ်ကွက်နေ ပြည်သူများက ပျဉ်းမနားမြို့ ရဲစခန်းသို့ ဖြစ်စဉ်ဖြစ်ပွားချိန် သွားရောက် တိုင်ကြားခဲ့သော်လည်း ၁ လကျော်ကြာသည်အထိ တရားခံကို လိုက်လံဖမ်းဆီးခြင်းမရှိဘဲ မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးနေသော ကျော်သိန်းသည် လက်ရှိချိန်အထိ ထွက်ပြေး လွတ်မြောက်နေကြောင်း သိရှိရသည်။

လတ်တလော ပျဉ်းမနားမြို့ပေါ်၌ မူးယစ်ဆေးဝါးများ အလွန်ပေါများစွာ ရောင်းချနေပြီး နေရာတိုင်းတွင် အလွယ်တကူ ဝယ်ယူနိုင်ကြောင်း၊ စစ်တပ်နှင့်ရဲများက မူးယစ်ဆေးဝါးများကို လိုင်းကြေးနှင့်ဆက်ကြေးရယူ၍ တရားဝင်သဖွယ် ခွင့်ပြုထားကြောင်း၊ ဆေးသုံးစွဲသူများပြားလာကာ ဆေးကြောင်၍ ဖြစ်ပွားသော မှုခင်းများလည်း အလွန်များပြားနေပြီး ကျူးလွန်သည့် တရားခံများကို ရဲများက လိုက်လံဖမ်းဆီးခြင်းမရှိကြောင်း သိရသည်။

“ပျဥ်းမနားမြို့ ဦးကျေး ရပ်ကွက် ပေ ၈၀ ယုဇနလမ်းမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က WYနဲ့ စိတ်ကြွဆေး ဖြန့်ဖြူး ရောင်းချတဲ့ ကျော်သိန်းက ရပ်ကွက်နေပြည်သူ ကိုနေနေကို ဓာတ်ဆီလောင်းပြီး မီးရှို့သတ်မှု တစ်ခုဖြစ်ပွားခဲ့တယ်။ ရဲတွေက တရားခံကို အခုထိ လိုက်မဖမ်းဆီးဘူး။ ၁ လကျော်ပြီလွတ်နေတာ မီးရှို့ခံရတဲ့ ကိုနေနေက ဇန်နဝါရီလ ၁၂ ရက်နေမှာ ဆုံးသွားပါပြီ မီးရှို့သတ်ဖြတ်ခဲ့တဲ့ တရားခံက WYနဲ့ စိတ်ကြွဆေးတွေ ရောင်းဝယ်သူ အကြီးစားကြီး ပျဥ်မနားမြို့မှာ မူးယစ်ဆေးတွေ အလွန်ပေါနေပါတယ်။ နေရာများစွာမှာလည်း ရောင်းချနေတယ်။ နေရာတိုင်းမှာလည်း လွယ်ကူစွာတွေ့နေရတယ်။ ဆေးကြောင်ပြီးဖြစ်တဲ့ အမှုတွေကလည်း အများကြီးပဲ တရားခံတွေကို ရဲတွေက လိုက်ဖမ်းတာမရှိဘူး” ဟု သေဆုံးသူ၏ မိတ်ဆွေက ပြောဆိုသည်။

နေပြည်တော်တွင် အကြမ်းဖက်စစ်တပ်က မူးယစ်ဆေးဝါးသာမက လောင်းကစား၊ ဘောလုံးနှင့် နှစ်လုံးထိ၊ သုံးလုံးထီ၊ ပြည့်တန်ဆာလုပ်ငန်း အပါအဝင် တရားမဝင် လုပ်ငန်းများကို လိုင်းကြေးရယူ၍ ခွင့်ပြုလျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article