ရန်ကုန်၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းတွင် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရှော့တိုက်ဒုံး ၂ လုံး စစ်ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်သော ကျေးရွာများကို ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် အနီးပတ်ဝန်းကျင်နှင့် ကျေးရွာများကိုလည်း စစ်ကြောင်းများဖြင့် ဝင်ရောက် စီးနင်းနေကော ဒရုန်းများ ဆက်တိုက် လွှတ်၍ ကင်းထောက်မှုများပါ လုပ်ဆောင်နေကြောင်း သိရသည်။
“ညက နမခ ထဲကို တော်လှန်ရေး တပ်ဖွဲ့တွေက ၁၀၇ မမ ၄ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရတယ်။ ရှော့တိုက်ဒုံး ၂ လုံးကတော့ ထိထိမိမိ ကျရောက်ပေါက်ကွဲတယ်လို့သိရတယ်။ နမခ ထဲကို ရှော့တိုက်ဒုံးတွေ ကျရောက် ပေါက်ကွဲပြီး မကြာပါဘူး။ ကျော်စစ်ပုံ အမြောက်တပ်က စစ်ခွေးတွေက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေရှိတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိ ဆိုတော့ မသိရသေးဘူး။ နမခ အနီးအနား ပတ်ဝန်းကျင်ကိုလည်း စစ်ခွေး စစ်ကြောင်းတွေ ထွက်လာတာ တွေ့တယ်။ ဒရုန်းတွေလည်း လွှတ်တင်ပြီး ကင်းထောက်နေတာတွေရှိတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ သက်ဆိုင်ရာ အဖွဲ့တွေက ထုတ်ပြန်မယ်ထင်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar