31 C
Yangon

တံတားဦးနှင့် ကျုံပျော်တို့တွင် စစ်မှုထမ်း တပ်သားစုဆောင်းနေသည့် ပျူစောထီးခေါင်းဆောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေကာ စစ်မှုထမ်းတပ်သားသစ် စုဆောင်းနေသော တောင်တစ်လုံးရွာ ပျူစောထီး ခေါင်းဆောင် ချစ်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နဂါးနီပြောက် ကျားတပ်ဖွဲ့ မြင်းခြံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တောင်တလုံးကျေးရွာအနီး၌ ယာခင်းမှ အပြန်လာသည့် ပျူစောထီး ခေါင်းဆောင် ချစ်ဝင်းကို နဂါးနီ‌ ပြောက်ကျားတပ်ဖွဲ့ မြင်းခြံမှ တော်လှန်ရေး ရဲဘော်များက သွားရောက် ဖမ်းဆီးစဉ် ပစ္စတိုသေနတ်ဖြင့် ပြန်လည် ခုခံရန် ပြင်ဆင်သောကြောင့် ပစ်ခတ် ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော တောင်တစ်လုံးကျေးရွာ ပျူစောထီးခေါင်းဆောင် ချစ်၀င်း သည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နေထိုင်သည့် စခန်းများကို စစ်တပ်ထံ သတင်းပေးပို့ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူလူထုအပေါ် အတင်းအဓမ္မ ညှင်းပမ်း နှိပ်စက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် ချစ်ဝင်း ထံမှ ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည် ၁၆ တောင့်၊ ဖုန်း ၃ လုံး၊ ဓားတို/ရှည် ၂ ချောင်း၊ မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ညနေ ၅ နာရီခန့်တွင် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်သွားကြောင်း သိရှိရသည်။

အလားတူ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး မြင့်သောင်း ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကျုံပျော်မြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာအုပ်စု အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး မြင့်သောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဖိုထောင်ကျောင်းရှေ့တွင် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး မြင့်သောင်းသည် သေနတ် ကိုင်ဆောင်ပြီး ညဘက်တွင် ခလရ ၃၆ တပ်ရင်း နှင့် ကျုံပျော်တပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပူးပေါင်း၍ ပြည်သူပိုင် နေအိမ်များ အတွင်း နိုင်ငံရေး အကြောင်းပြကာ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကြေး သိန်းရာချီ တောင်းခံကာ ရွေးထုတ်ခိုင်းပြီး တောင်းခံသည့် ငွေကြေးမရပါက စစ်တပ်ထဲ ထည့်၍ ကျေးရွာနေပြည်သူများကို ခြိမ်းခြောက်နေသူဖြစ်ကြောင်း သိရှိရသည်။

အုပ်ချုပ်ရေးမှူး မြင့်သောင်း တိုက်ခိုက်ခံရ၍ သေဆုံးပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သောင်ရွာ မှန်ကုန်းအထိ ပိတ်ဆို့၍ စစ်ဆေး ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article