32 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းတွေမှာ “တပ်မတော် မကယ်တင်ရင် နိုင်ငံနဲ့ ပြည်ထောင်စုပြိုကွဲတော့မယ်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်ပြောစကားတွေကို ဝါဒဖြန့်ပြောဆို သင်ကြားနေတဲ့အပြင် ၊ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေကို ပြည်ပကြိုးကိုင်ထားတဲ့ ရုပ်သေးရုပ် အဖွဲ့တွေဆိုပြီးတော့ပါ ဝါဒမှိုင်းသွင်းနေကြပြန်တယ်လို့ စစ်မှုထမ်း တပ်သားသစ်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း၊ ချောက်မြို့နယ်က ထိန်စမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးကတော့ အသီးသီး သေကုန်ကြပြန်တဲ့အပြင် ၊ ဒဏ်ရာရတဲ့သူတွေနဲ့ တော်တော်ကိုအထိနာပြီး အလောင်းတွေကို ကားတွေနဲ့သယ်ပြီး ပြန်ဆုတ်သွားကြတယ်လို့ Chauk Guerrilla Force တပ်ဖွဲ့ တာဝန်ခံ ကိုပိုင် က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်းက တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာကို စစ်ကြောင်းထိုးလာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က အိမ်သာတက်ရင်းကျန်ခဲတဲ့ စစ်ကောင်စီတပ်သား ၁ ဦးက PDF တပ်ဖွဲ့တွေကို လမ်းသွားမေးတဲ့အချိန် အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article