24 C
Yangon

ဖျာပုံ၊ ဒေါငြိမ်းရွာထိပ်တွင် စစ်တပ်က ဂိတ်ဖွင့်ပြီး အဝင်အထွက်လုပ်သော ကားနှင့် ဆိုင်ကယ်များကို ဖမ်းဆီးငွေညှစ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ဒေါငြိမ်းရွာထိပ်တွင် အကြမ်းဖက် စစ်တပ်က ဂိတ်ဖွင့်ပြီး ကားနှင့် ဆိုင်ကယ်များကို ငွေညှစ်နေ၍ ပြည်သူများ ရွာပြင်မထွက်ရဲတော့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလပိုင်းမှ စတင်ပြီး ဖျာပုံမြို့နယ်၊ ဒေါငြိမ်းရွာတွင် အကြမ်းဖက် စစ်သားများနှင့် ဒေါငြိမ်း ရဲကင်းမှူး တို့ ပူးပေါင်း၍ ကျေးရွာထိပ်တွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး ဂိတ်ကို ဖြတ်သန်းသွားသည့် ဆိုင်ကယ်၊ ကား၊ ထော်လာဂျီနှင့် ဘေးတွဲများကိုပါ နေ့စဉ် အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီး ငွေညှစ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျေးရွာအတွင်းမှ ရွာပြင်ထွက်၍ လယ်ယာ လုပ်ကိုင်ရသည့် အလုပ်သမားများကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီး ငွေညှစ်မှုများ လုပ်ဆောင်နေသောကြောင့် ဒေါငြိမ်းရွာနှင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများသည် လက်ရှိချိန်တွင် ရွာပြင်မထွက်ရဲတော့ဘဲ စားဝတ်နေရေး ခက်ခဲနေကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ဒေါငြိမ်း‌ ရဲကင်းမူးနဲ့ ရဲတွေက ရွာထိပ်မှာ ဂိတ်ဖွင့်ပြီး ဆိုင်ကယ်၊ ကား၊ ထော်လာဂျီနဲ့ ဘေးတွဲပါမကျန် အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးငွေညှစ်နေတာပါ။ အခု ပြည်သူတွေ ရွာပြင် မထွက်ရဲတော့ဘူး။ ရွာပြင်ထွက် လယ်လုပ်ကိုင်မယ့် သူတွေလည်း ဖမ်းဆီးငွေညှစ်တာတွေရှိလို့ စားဝတ်နေရေး တော်တော်ခက်ခဲနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဒေါငြိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းဌေးနှင့် ဆယ်အိမ်မှူး ရာအိမ်မှူးများဖြစ်သော သိန်းဝင်းထွန်း၊ အောင်စိုးမိုး၊ ကုလားကြီး(ခ) စပရိန်နှင့် မြင့်ရွှေ တို့ကလည်း အတင်းအကြပ် စစ်မှုထမ်း တပ်သားသစ် စုဆောင်းခြင်း၊ ငွေကြေး တောင်းခံခြင်း၊ ဧည့်စာရင်းစစ်၍ ငွေကြေးတောင်းခံခြင်းနှင့် ရေလုပ်ငန်းရှင် များထံမှ ကျားဖောင်လုပ်ငန်း လုပ်ကိုင်နေသူများကိုလည်း ဖောင်ကြေး ငွေကျပ် သိန်းချီ တောင်းခံခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ – ဖျာပုံမြို့အဝင် စစ်ဆေးရေးဂိတ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article