27 C
Yangon

မြန်မာတော်လှန်ရေးအင်အားစုများနှင့်တွေ့ဆုံပြီးနောက် ဂျပန်နိုင်ငံခြားရေးဒုဝန်ကြီး က လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်မည်ဟု ကတိပြု

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မြန်မာတော်လှန်ရေးအင်အားစုများနှင့်တွေ့ဆုံပြီးနောက် ဂျပန်နိုင်ငံခြားရေးဒုဝန်ကြီး က လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း ကတိပြုပြောဆိုလိုက်သည်။

ဂျပန်နိုင်ငံ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Jiyaji Takuma က ဂျပန်ရောက် နွေဦးတော်လှန်ရေးဘက်တော်သား မြန်မာနိုင်ငံသားများ နှင့်တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်သွားမည်ဟု ကတိပြုခဲ့ ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Miyaji Takuma သည် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မိနစ်၂၀အကြာ ရင်းနှီးလေးစားစွာ လက်ခံ တွေ့ဆုံခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင်အာဏာသိမ်းခံရပြီးနောက် ၄ နှစ်တာကာလ အလွန် အခြေအနေများ၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာပြည် ဒီမိုကရေစီစနစ်နှင့် ငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်ရရှိရန်အတွက် ဂျပန် အစိုးရအနေ ဖြင့် တိတိကျကျ ထိထိရောက်ရောက်ရှိသည့်နိုင်ငံရေးပေါ်လစီကို လုပ်ဆောင်ပေးရန်တောင်းဆို ထား သည့် ‘တောင်းဆိုစာ’ ကိုလည် လက်ခံရရှိခဲ့သည်ဟု ဂျပန်နိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းခြင်း ၄ နှစ်တာ ကျော်လွန်ခဲ့ သည့် ယနေ့တိုင် မြန်မာ့အရေး တိုးတက်ပြောင်းလဲလာ ခြင်းကို လုံးဝမမြင်ရသည့်အပေါ် အလွန်အမင်း စိတ်မကောင်းဖြစ်ရသည်ဟု ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Mr. Miyaji Takuma က ပြောဆိုခဲ့သည်။

ခက်ခဲဒုက္ခရောက်နေသည့် မြန်မာပြည်သူများအား ဖေးမကူညီမည်ဆိုသည့် ခိုင်မာသည့် လမ်းစဉ် အောက်တွင် ဆက်လက်၍ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပိုမိုကူညီပေးခြင်းနှင့်အတူ နောက်နောင်တွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးနှင့် တွေ့ဆုံဆွေးနွေးကာ အခြေအနေ တိုးတက်ပြောင်းလဲလာရန်လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု ဒုတိယနိုင်ငံ ခြားရေးဝန်ကြီးMr. Miyaji က ပြောကြားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr.Iwaya ကလည်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများချက် ချင်း ရပ်တန့်ရန် ၊ ဖမ်းဆီးခံထားရသူများကို လွတ်ပေးရန် နှင့် မြန်မာပြည် ဒီမိုကရေစီစနစ်နှင့် ငြိမ်းချမ်းရေးအမြန်ဆုံး ပြန် လည်ရရှိရန်အတွက် မြန်မာစစ်တပ်ကို တောင်းဆို တိုက်တွန်းခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article