26 C
Yangon

ပဒါန်းမြို့ ဘုရားတောင်တွင် တပ်စွဲထားသော စစ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး စခန်းစွန့်ခွာထွက်ပြေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ ဘုရားတောင်တွင် တပ်စွဲထားသော စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သားအားလုံး တပ်ပျက်၍ စခန်းစွန့်ခွာထွက်ပြေးသွားပြီ စစ်စခန်းကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ငဖဲမြို့နယ်၊ ပဒါန်းမြို့ အနောက်ဘက် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်တွင် တပ်စွဲထားသော စစ်တပ် စခန်းကုန်းကို ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း စစ်တပ် စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် နေရာယူ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများက အနည်းငယ် ပြန်လည် ပစ်ခတ်မှုလောက်သာ တုံ့ပြန်ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်သားများ တပ်ပျက်၍ စခန်းစွန့်ခွာသွားပြီးနောက် CDF – Asho မှ တော်လှန်ရေး ရဲဘော်များက ဘုရားတောင်စခန်းကုန်းပေါ်ရှိ စစ်သားများ နေထိုင်ခဲ့သော အဆောင်များကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ပျဉ်းဝ စစ်ဆေးရေးဂိတ်ရှိ စစ်သား အားလုံးသည် ပဒါန်းမြို့အနီးရှိ စစ်တပ် စခန်းများဘက်သို့ ဆုတ်ခွ, ထွက်ပြေး သွားကြောင်း သိရသည်။

“လက်နက်တော့ မရခဲ့ပါဘူး။ ခဲယမ်းအနည်းငယ်ပဲ စခန်းကုန်ကနေ ရခဲ့ပါတယ်။ စစ်ခွေး သေဆုံမှု မရှိပါ။ အကုန်ထွက်ပြေးသွားတယ်။ ကင်းဂိတ်စခန်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက ကင်းဂိတ်တွေကို မလိုအပ်ဘဲနဲ့ တော်လှန်ရေးနဲ့ စပ်စပ်တယ်ဆိုပြီးတော့ အရပ်သားပြည်သူတွေကို နှောင့်ယှက်မှုပေးတာတွေရယ်။ တင်းကြပ်မှုလုပ်တာတွေရယ်။ မလိုလားအပ်ဘဲနဲ့ ငွေကြေး ကောက်ခံမှုတွေ အရပ်သေစာနဲ့ လာဘ်ထိုးမှုတွေ ဒီလိုမျိုးတွေ လုပ်တာတွေကို မကြိုက်နှစ်သက်တဲ့ အတွက် ကျနော်တို့ အဲစခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်ရခြင်းဖြစ်ပါတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်း က ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီး ၁ ရက်အကြာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဘုရားတောင်စခန်းကုန်းအနီးရှိ ဂုတ်ဝနှင့် ရေနွယ် အရှို ချင်းကျေးရွာများမှ အပြစ်မဲ့ အရပ်သား ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ၏ စစ်ဆင်ရေးများကြောင့် ပြည်သူများ ဖမ်းဆီးခံရသည်ဟု အမြင်လွဲမှားမှုမျိုး မဖြစ်ပေါ်စေရန် မေတ္တာရပ်ခံကြောင်း CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်း က ဆက်လက်ပြောဆိုသည်။

“ဒီလိုမျိုး တိုက်ပွဲဖြစ်ပြီးသွားပြီဆိုရင် တိုက်ပွဲအနီးအနားမှာရှိတဲ့ ကျေးရွာက အေးဆေး ကောင်းရောင်းကောင်းဝယ် လုပ်စားနေတဲ့ မိရိုးဖလား လုပ်ကိုင်စားသောက်နေတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေတော့ ရှေ့မှာလည်း ဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အနေနဲ့လည်း စစ်ဆင်ရေး လုပ်တဲ့အခါမှာ အရပ်သားပြည်သူတွေနဲ့ နီးစပ်နေတယ်ဆိုရင်တော့ အတတ်နိုင်ဆုံး ရှောင်ရှားပြီးတော့ စစ်ဆင်ရေး လုပ်တယ်ဆိုပေမယ့် ကြာလေကြာလေ အရပ်သားတွေနဲ့ အနီးအနားမှာပဲ စစ်ကောင်စီ တပ်သားတွေက တပ်စွဲတာမျိုးတွေ လုပ်တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အခုလိုမျိုး စစ်ဆင်ရေး လုပ်ပြီးလို့ ဖမ်းခံရတာမျိုးဆိုတာတော့ ပြည်သူတွေဘက်က အမြင်မလွဲကျဖို့ကိုတော့ ပြောချင်ပါတယ်။ မိမိတို့နားမှာ စစ်ဆင်ရေးလုပ်လို့မို့လို့ မိမိတို့ အနီးကရွာက ပြည်သူတွေဖမ်းခံရတယ်ဆိုပြီးတော့ ပြည်သူတွေဘက်က အမြင်စောင်းတာတွေလည်း ကြုံရနိုင်တာမို့လို့ ဒါတွေကိုလည်း အတတ်နိုင်ဆုံး နားလည်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်း က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article