33 C
Yangon

ငါန်းဇွန် ငါန်မြာကြီးရွာ အနီး ကင်းပုန်းဝပ်နေသော စစ်ကြောင်းနှင့် နတ်မောက် ပိတောက်ငုတ်ရွာမှ အုပ်ချုပ်ရေးမှူး အဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်မြာကြီးရွာ အနီး ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း Tiger Brother မြစ်သား PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ ငါန်မြာကြီးကျေးရွာ အနောက်ဘက်ကို ကင်းပုန်းတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရှသည်။

“ငါန်းဇွန်မြို့နယ် ငါန်မြာကြီးကျေးရွာ အနောက်ဘက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ခွေး ၆ ကောင်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ စစ်ခွေး ၆ ကောင်လုံးသေတယ်။ ငါန်းမြာကြီးရွာမှာက စစ်ခွေးအထိုင်စခန်းရှိတော့ ကျန်တော်တို့ ရဲဘော်တွေ လက်နက်ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူး။ ရဲဘော်တွေ အလျင်အမြန် ပြန်လည်ဆုတ်ခွာခဲ့ရတယ်” ဟု Tiger Brotherမြစ်သား PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Tiger Brother မြစ်သား PDF ၊ Freedom Fighters နှင့် Golden Eagles အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ပျူစောထီး ခေါင်းဆောင် ပိတောက်ငုတ်ရွာ အုပ်ချုပ်ရေးမှူး အဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း နတ်မောက် ပကဖ တပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် နတ်မောက် နှင့် မြို့သစ် အကြားရှိ သစ်ပုံဆည် အနီးတွင် ပျူစောထီး ခေါင်းဆောင် ပိတောက်ငုတ်ရွာ အုပ်ချုပ်ရေးမှူး ခင်မောင်ဌေး အဖွဲ့ကို နတ်မောက် ပကဖ တပ်ခွဲများနှင့် တပ်ပေါင်းစုများက ပူးပေါင်း၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်တစ်ဦး တိုက်ပွဲတွင် သေဆုံးပြီးနောက် နာရေး ပြင်ဆင်ထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်တစ်ဦး တိုက်ပွဲတွင် သေဆုံးပြီးနောက် နာရေး ပြင်ဆင်ထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article