28 C
Yangon

တိုင်းရင်းသားများက နိုင်ငံနှင့် ပြည်သူအပေါ် သဘောထားမမှန်ကန်၊ အမှန်တိုင်း ရှုမြင်မှုမရှိဘဲ မတည်ငြိမ်မှုကို အခွင့် ကောင်းယူ၊ အေးချမ်းနေသော ဒေသများကို တိုက်ခိုက်ဖျက်ဆီးနေဟု မင်းအောင်လှိုင် ပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံနှင့် ပြည်သူအပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသား လက် နက် ကိုင်အဖွဲ့များက အခြေအနေကို အမှန်တိုင်းရှုမြင်ခြင်းမရှိဘဲ မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေသော ဒေသများကို တိုက်ခိုက်ဖျက်ဆီးနေကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သည့် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ အတွက် ပေးပို့သော စာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုနေခြင်းဖြစ်သည်။

လက်ရှိ ကြုံတွေ့နေရမှုများမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲမသမာမှု ရလဒ်ကို ပယ်ဖျက်ခဲ့သည့် အခြေအနေများကို တိုင်းရင်းသားများက အမှန်ကို အမှန်အတိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ အာဏာကို အဓမ္မနည်းဖြင့် လိုချက်တပ်မက်သည့်ဆန္ဒကြောင့် သွေးထိုးလှုံဆော်မှုများမှ စတင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ပြောဆိုသည်။

“ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား နှစ်ထောင် ပေါင်းများစွာ ဖြစ်တည်လာခဲ့သည့် သံယောဇဉ်တရားနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိသည့် ပြည်တွင်းပြည်ပ အဖျက်အင်အားစုတို့၏ အချင်း ချင်းမုန်းတီးစေရန်အတွက် သွေးခွဲ ရန်တိုက်ပေးမှုများ၊ ကျဉ်းမြောင်းသော လူမျိုးရေး အယူဝါဒသွတ်သွင်းနေမှုများကို အထူးသတိပြုကာကွယ်ကြရန် လိုအပ်ပါသည်။ နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကလည်း ဖြစ်ပေါ်လာသော မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေသော ဒေသများကို အကြမ်းဖက်တိုက်ဖျက်ဆီးခဲ့ကြပါသည်” ဟု မင်းအောင်လှိုင်က ဆိုသည်။

စစ်တပ်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှသာ လွတ်လပ်၍ တရား မျှတမှု အပြည့်ရှိသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အပစ်ရပ်ရေး NCA ပါ သဘောတူညီချက်များအတိုင်း စစ်တပ်က အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး အတွက် အစဉ် အမြဲ တံခါးဖွင့် ကြိုဆိုလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင်က ထိုသို့ ပြောဆိုနေသော်လည်း တစ်နိုင်ငံလုံးတွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်မှုများကို နေ့ရော ညပါ နေ့စဉ် စစ်တပ်က လုပ်ဆောင်နေပြီး အပြစ်မဲ့အရပ်သား ပြည်သူ အများအပြား ထိ ခိုက် သေဆုံးနေကာ နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးအဆောက် အအုံများစွာမှာလည်း ပျက်စီးလျက်ရှိနေသည်ကို မြင်တွေ့နေရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article