28 C
Yangon

ရေဦး နှင့်ဘုတလင်မြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၁ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မဲအိုးရွာ ဘုရားကုန်းတွင် ပြုလုပ်နေသည့် မင်္ဂလာဆောင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရေဦးမြို့နယ်၊ မဲအိုးရွာ ဘုရားကုန်းတွင် ပြုလုပ်နေသည့် မင်္ဂလာ ဆောင်ကို အကြမ်းဖက် စစ်တပ်က မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော MiG-29 ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း ကနဦး သိရှိထားရသော်လည်း ဆက်လက် အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ရေဦးနယ် အနောက်မြောက်ခြမ်းက မဲအိုးရွာ ဖောင်တော်ဦး ဘုရားကုန်းဘက်ကို ဒီနေ့ ၁၁ နာရီခန့်က လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ဆက်တိုက်ပြုလုပ်သွားတယ်။ ဒီနေ့မနက်ပိုင်းက မင်္ဂလာဆောင်ပွဲရှိတယ်။ သတင်းပေါက်ပြီးတော့ အခု လာကျဲတယ်လို့ ခန့်မှန်းရတယ်။ ပြည်သူထထိခိုက်မှု မရှိဘူးလို့တော့ လက်ရှိကြားသိထားပေမယ့် အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲပါပဲ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ပိုးကုန်းရွာ ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဒရုန်းနှင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်ကြီးကျောင်း ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ညနေ ၄ နာရီတွင် မုံရွာမြို့ နမခ တပ်အတွင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပိုးကုန်းရွာ ဘုန်းတော်ကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ၇ နှစ်အရွယ် ကလေး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

” ကျဲချတာက ဗုံးသီးတစ်လုံးထဲရယ်။ ဘုန်းကြီးကျောင်း မုဒ်ပေါက်အနီးကို ကျတာ။ဘုန်းကြီးကျောင်းဆောင်တစ်ခု အမိုး ပေါက်ပြဲပျက်စီးပြီး ၇နှစ်အရွယ်‌‌ကလေးငယ်တစ်ဦး ကျည်စထိမှန်ပြီး နားရွက် ပေါက်ပြဲဒဏ်ရာရခဲ့တယ်။ အသက်အန္တရာယ်အတွက်ကတော့ မစိုးရိမ်ရဘူး”ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။

ပိုးကုန်းရွာသည် ဘုတလင်မြို့နယ် တောင်ခြမ်းတွင်တည်ရှိပြီး အကြမ်းဖက် စစ်တပ်၏ နမခ တပ်တွင်းမှ စစ်ကောင်စီ တပ်သားများက လက်နက်ကြီး လက်နက်ငယ်များနှင့် မကြာခဏ ပြုလုပ်ခံရသော ကျေးရွာဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article