28 C
Yangon

ပေါက်ခေါင်းတွင် စစ်တပ် ဒေါက်တိုင်များ ဦးစီးပြုလုပ်နေသည့် လောင်းကစားဝိုင်းကို PDF တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ဒေါက်တိုင်များ ဦးဆောင် ပြုလုပ်နေသည့် လောင်းကစားဝိုင်းကို ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ၃၆၀၂ တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်အချိန် ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ် ဒေါက်တိုင်များ ဦးဆောင်ကျင်းပနေသည့် လောင်းကစားဝိုင်းကို ပြည်ခရိုင် ၃၆၀၂ တပ်ရင်း မှ ရဲဘော်များက ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် ဖမ်းဆီးမှု အတွင်း လောင်းကစားဝိုင်း ပြုလုပ်နေသော ဒိုင်အချို့နှင့် လောင်းကစားဝိုင်းတွင် ပါဝင်သော ပြည်သူ တချို့ကို ငွေသား ၇၀၀၀၀၀ ကျပ်၊ လောင်းကစားရာတွင် အသုံးပြုသော စပ်ဆက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသော လောင်းကစားဒိုင်နှင့် ပြည်သူများကို ကောင်းမွန်စွာ ဆုံးမ ပြောဆိုပြီး နောက်နောင်တွင် ယခုကဲ့သို့ လောင်းကစားဝိုင်းများတွင် ပါဝင်ခြင်းမပြုလုပ်ရန် မှာကြားပြီးနောက် ပြည်ခရိုင် ၃၆၀၂ တပ်ရင်း မှ ရဲဘော်များက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းလောင်းကစား ဝိုင်းများကို ဝက်ထီးကန်တိုက်နယ်တွင် နေထိုင်သော အကြမ်းဖက် စစ်ကောင်စီ၏ (အမာခံ) ဒေါက်တိုင်ဖြစ်သည့် (သားသတ်) ဝက်ကုမ္ပဏီမှ ဇေယျာဦး နှင့် ဆီဆုံကုန်းကျေးရွာတွင် နေထိုင်သော ပျူစောထီး ခေါင်းဆောင် ငထွန်း၏ တူဖြစ်သူ တူးကို တို့က ဦးဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ နှင့် ၎င်း၏ ဒေါက်တိုင်များက ပြည်သူများကို တော်လှန်ရေးတွင် စိတ်ပါဝင်စားမှု ထောက်ခံအားပေးမှု လျော့နည်းလာစေရန်နှင့် ၎င်းတို့၏ စစ်အုပ်ချုပ်ရေးအောက်တွင် မလိုလားအပ်သော အပျော်အပါးများဖြင့် ပျော်မွေ့နေစေရန် ရည်ရွယ်ပြုလုပ်သော တရားမဝင် လောင်းကစားဝိုင်းများကို ပြည်သူလူထုအနေဖြင့် လုံးဝ (လုံးဝ) မပါဝင်ကြပါရန် ၃၆၀၂ တပ်ရင်းက အသိပေး နှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article