ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
နေပြည်တော်စစ်ရုံးတွင် နေ့စဉ် ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ JOC (Joint of Command) အစည်းအဝေးများတွင် မင်းအောင် လှိုင်က ဒုစစ်ခေါင်းဆောင် စိုးဝင်းအပေါ် အော်ဟစ်ငေါက်ငမ်းမှုများ မကြာခဏ လုပ်ဆောင်နေပြီး အခြားသော ထိပ်တန်း စစ် ဗိုလ်ချုပ်များပါ အပြောအဆိုခံနေရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
တစ်နိုင်ငံလုံး တော်လှန်ရေးတပ်များနှင့်ဖြစ်ပွားနေသော တိုက်ပွဲများ၊ စစ်ဆင် ရေးများ၊ စစ်ရေးအခြေအနေများကို အစီရင်ခံသော JOC အစည်းအဝေးများကို နေပြည်တော်၊စစ်ရုံးတွင် နံနက်ပိုင်း အမြဲ ပြုလုပ်ကြောင်း၊ အဆိုပါ အစည်း အဝေးတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး၊ ရေချုပ်၊ လေ ချုပ်နှင့် ကစထမှူးများ တက်ရောက်ရကြောင်း၊ ယင်းသို့ တက်ရောက်စဉ် စစ်ဆင် ရေးနှင့် တပ်မတော်၏ စီမံခန့်ခွဲမှု အပိုင်းကို အဓိက တာဝန်ခံရသော ဒုစစ်ခေါင်း ဆောင် စိုးဝင်းမှာ မင်းအောင်လှိုင်၏ အော်ဟစ် ငေါက်ငမ်းမှုကို အမြဲလိုလို ခံနေရကြောင်း သိရှိရသည်။
“JOC joint of command အစည်းအဝေး စစ်ရုံးမှာ မနက်တိုင်းလုပ်တယ်။ တပ်ချုပ်၊ ဒုတပ်ချုပ်၊ ညှိကွပ်၊ ရေချုပ်၊ လေချုပ်၊ ကစထမှူးတွေတက်ရတယ်။ အစည်းအဝေးလုပ်နေရင်းနဲ့ကို အားလုံး အရှေ့မှာ ဒုတပ်ချုပ်ကို တပ်ချုပ်က အော်အော်ဆဲတယ်။ ငေါက်တယ်။ စစ်ဆင်ရေးကိစ္စတွေနဲ့ပတ်သက်လို့။ အခြားထိပ်တန်းဗိုလ်ချုပ်တွေ အငေါက်ခံရတယ်။ စာရွက်တွေ လွှင့်ပစ်၊ ဖိုင်တွေ လွှင့် ပစ် ဒါမျိုးတွေလည်း လုပ်လေ့ရှိတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။
စစ်ဘက်ရာထူး အပြောင်းအလဲများ လုပ်ရာတွင် မင်းအောင်လှိုင်က ၎င်းစိတ် တိုင်းကျသူများကို အပြောင်းအရွှေ့ ပြုလုပ်ခြင်းဖြစ်ရာ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ရာထူးတိုးမြှင့်ပေးခြင်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ကာကွယ်ရေးဝန်ကြီးအဖြစ်သို့ ပြောင်းလဲခြင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြည်ထဲရေးဝန်ကြီးအဖြစ်မှ နယ်စပ်ဝန်ကြီး အဖြစ်ပြောင်းလဲခြင်း၊ အခြားသော မြထွန်းဦး၊ မိုးအောင်၊ တင်အောင်စန်း စသည့် ထိပ်တန်းဗိုလ်ချုပ်များကို အရပ်ဘက်သို့ ပို့ဆောင်ခြင်းများမှာ မင်းအောင်လှိုင်က ၎င်းစိတ်တိုင်းကျ အပြောင်းအရွှေ့များ လုပ်ဆောင်ခြင်းဖြစ်ကြောင်း နေ ပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
“တပ်ထဲမှာ ပုန်ကုန်ဖို့နေနေသာ သူ့ဒေါသကိုပဲ ကြည့်ရှောင်နေရတယ်။ ဒုတပ်ချုပ်ကတော့ ပြန်လည်း အာမခံရဲ။ စစ်ဆင်ရေးတွေမှာ ဦးဆောင်တာဝန်ပေးခံရတော့လည်း အဆူခံ၊ အဆဲခံရ။ အငယ်ဗိုလ်ချုပ်တွေရှေ့ မှာ အရှက်ကွဲတယ်။ ညှိကွပ် (ကျော်စွာလင်း)ကဆို ဒုတပ်ချုပ်(စိုးဝင်း)ကို လေးစားမှုတောင် သိပ်မပြတော့ဘူး။ ဒုဗိုလ်ချုပ်ကြီးရာပြည့်ကို ပထရ၀က ကနေ ဖယ်တာလည်း တပ်ချုပ်သဘောပဲ။ တွဲဘက် အတွင်း ရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ညှိကွပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ခမည်းခမက်ဖြစ်တော့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ကာကွယ်ရေးဝန်ကြီးပို့တယ်။ သူ့အပေါ် ပြန်မပြောပေမယ့် သိပ်ပြီးမနာခံတဲ့ ဗိုလ် ချုပ်ကြီးတွေ အရပ်ဘက်ပို့တာလည်း တပ်ချုပ်ပဲ” ဟု နေပြည် တော်တပ်သတင်း ရင်းမြစ်က ရှင်းပြသည်။
နေပြည်တော်ရှိ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ၏ အနီးကပ်လုံခြုံရေး လူဟောင်းများကို ဖယ်ရှားပြီး လူသစ်များဖြင့် အစား ထိုးခဲ့ခြင်းမှာလည်း မင်းအောင်လှိုင်က တစ်ဦးတည်းအဓိက ဆုံးဖြတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
