34 C
Yangon

ထိုင်း-မြန်မာ နယ်စပ်ရှိ ခလရ ၃၁ ပူလူတူစစ်တပ်စခန်း ကို KNLA က တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၁၀၀ ခန့် ထိုင်းသို့ ထွက်ပြေး၊ စစ်တပ်က နယ်စပ်ကို လေယာဉ်ဖြင့် ဗုံးကျဲ၍ ထိုင်းစစ်လေယာဉ်များ ပျံတက်ကင်းလှည့်

Must read

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ ခလရ ၃၁ တပ်ရင်း၏ ပူလူတူစစ်စခန်း ကို KNLA ဦးဆောင်သော ပူးပေါင်းတပ်များက တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၁၀၀ ခန့် ထိုင်းသို့ ထွက်ပြေးလာကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းမှစတင်၍ KNLA ဦးဆောင်သော ပူးပေါင်းတပ်များက စစ်ကောင်စီ၏ ပူလူတူစစ်စခန်းကို ဒရုန်းများဖြင့် စတင်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများစတင်ဖြစ်ပွားကြောင်း၊ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၃ကြိမ်လာရောက်ကျဲချခဲ့ပြီး ထိုင်းစစ်တပ်ကလည်း တိုက်လေယာဉ်များ စေလွှတ်၍ ကင်းလှည့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပူလူတူစစ်တပ်စခန်း အနီးအနားတဝိုက်ရှိ ကျေးရွာများမှ ပြည်သူ ၁၀၀ ခန့်မှ ထိုင်းနိုင်ငံ၊ တာခ်ခရိုင် ထာ့ဆောင်ယမ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြကြောင်း၊ ထိုင်းစစ်တပ်က ထွက်ပြေးလာသော ပြည်သူများကို အကူအညီများ ပေးထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article