27.3 C
Yangon

ပခုက္ကူ တပ်မ ၁၀၁ မှ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခံရသော လူငယ်တပ်သားသစ် ၂ ဦး ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ မတ် ၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခံရသူ ၂ ဦး ခဲယမ်းများ ယူဆောင်လာပြီး အလင်း ဝင်ရောက်ခဲ့ကြောင်း Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ တွင် စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ စုဆောင်းခံရသော အသက် ၂၇ နှစ်အရွယ် ကိုပိုင်သူထွန်း နှင့် အသက် ၂၅ နှစ်အရွယ် ကိုဘိုရဲ တို့သည် ၂ ပွင့် ဗိုလ် ၁ ဦးနှင့် အတူ KTV သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်စဉ် ၂ ပွင့်ဗိုလ်သည် KTV ၌ မူးနေချိန် ၎င်းထံမှ 5.56 ကျည် ၁၀၀ တောင့် ၊ လက်ပစ်ဗုံး ၂ လုံး၊ MA ကျည်ဘောက်၃ ဘောက် ၊ နင်းမိုင်းအသေး ၁ လုံးတို့ ယူဆောင်လာပြီး ထွက်ပြေးလာကာ Burma Revolution Rangers တပ်ဖွဲ့ထံ ဆက်သွယ်လာ၍ သွားရောက် ခေါ်ဆောင်​ပေးခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို Burma Revolution Rangers တပ်ဖွဲ့က နွေးထွေးစွာကြိုဆိုခဲ့ပြီး ဆက်လက် စောင့်ရှောက်ထားကြောင်း ကိုကာတွန်းက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article