27.3 C
Yangon

ချောင်းဦးနှင့် မုံရွာတွင် စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ် တို့တွင် အကြမ်းဖက် စစ်ယာဉ်တန်းနှင့် စစ်သားများ လိုက်ပါလာသော ကားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defense Force – South Monywa မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၂ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ချောင်းဦးမြို့မှ ထွက်လာသော စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ဒိုင်နာကား ၂ စီးကို နတ်ရေကန်နှင့် ရေပိုးစား အကြားတွင် ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက် ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မတ်လ ၂ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်အချိန် နတ်ရေကန်ဂိတ်မှ ကား တားပြီး လိုက်ပါလာသော စစ်သားများကို နတ်ရေကန်နှင့် ရေပိုးစား အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၂ လုံးတစ်ပွိုင့်ဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် မုံရွာမြို့ထဲမှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ သံပြားကာ ကား ၅ စီးထဲမှ ၃ စီးမြောက်ကားကို မုံရွေးတိုးဂိတ်အနီး၌ ပဒေသာမိုင်း ၃ လုံး ၂ ပွိုင့်နှင့် ရှေ့ထွက်မိုင်း ၁ လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ကားပေါ်ကနေ ပြန်ပစ်တာမျိုးတော့ရှိပါတယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defense Force – South Monywa မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်းအပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှ ကားဖြင့် ထွက်လာသော စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပျက်စီးသွားပြီး စစ်သားများ ထိခိုက်မှုရှိကြောင်း PENTAGRAM LPDF -ငါးထောင့်ကြယ် တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂ ရက် နံနက် ၇ နာရီ ၁၅ မိနစ်က ချောင်းဦးမြို့တွင်းမှ အကြမ်းဖက်စစ်သား ၂၀ ခန့် လိုက်ပါလာသည့် ဒိုင်နာကားတစ်စီးကို မုံရွာ -မန္တလေးလမ်းမကြီးပေါ် ရေပိုးစားကျေးရွာ အနောက် ဘက်တနေရာ အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ပျက်စီးသွားပြီး ကားပေါ်လိုက်ပါလာသော စစ် သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“သစ်ကားတွေကို လုံခြုံရေး လိုက်ပေးတဲ့ကားပါ၊ အင်အား ၂၀ လောက်ပါတယ်၊ ကားကို ထိထိမိမိ ဆွဲ လိုက်နိုင်ပေမယ့် သူတို့ဘက်က ချက်ချင်း လိုက်ပစ်တာမို့ အမြန်ဆုံးပြန်ဆုတ်ခဲ့ရတာ၊ ကားပျက်စီး သွားတယ်လို့ သိရပေမယ့် အနားလည်း ကပ်မရလို့ ထိခိုက်သေဆုံးမှုအခြေအနေ မသိရဘူး။ နောက် ဆက်တွဲသတင်းတော့ စုံစမ်းနေပါတယ်။ ကျနော်တို့မှာက မိုင်းပွိုင့်ကို ကာပစ်ပေးဖို့ လက်နက်အင် အား မရှိတဲ့အတွက် မိုင်းဆွဲပြီးတာနဲ့ ဒီလိုပဲ ပြေးရတာများတယ်” ဟု PENTAGRAM LPDF – ငါး ထောင့်ကြယ်တပ်ဖွဲ့ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို PENTAGRAM LPDF – ငါးထောင့်ကြယ်အဖွဲ့ ၊ မုံရွှာခရိုင်တပ်ရင်း 11 South Monywa အဖွဲ့၊ Venom Revolution Force နှင့် နွေဦးလူငယ်အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း ဆက်လက်ထောက်ပံ့ကူညီပေးကြပါရန်၊ စစ်ကောင် စီအနေဖြင့် စစ်မှုထမ်းခေါင်းစဉ်တပ်ကာ လူဖမ်းပွဲပြုလုပ်နေသဖြင့် သတိရှိရှိ ရှောင်ရှားနေထိုင်ကြပါ ရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ – ကရင်နီတွင် မိုင်းဆွဲခံထားရသည့် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်နီတွင် မိုင်းဆွဲခံထားရသည့် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article