ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုပြုလုပ်
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခြင်း ၃၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ မတ်လ ၁၃ ရက်၊ ညနေပိုင်းက “သူရဲကောင်းတို့သွေး ဘယ်တော့မှ မခြောက်ခမ်းဘူးဟေ့” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။


