ရန်ကုန်၊ မတ် ၁၄
မတ်လ ၁၃ ရက်နေ့ ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတား အနီး သောင်းရင်းမြစ်ကို ဖြတ်ကူး၍ ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ ၎င်းတို့ကို စစ်ဆေးရာတွင် တရားဝင် စာရွက် စာတမ်းအထောက်အထား မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် ဝင်ရောက်လာခြင်းဖြစ်ပြီး ၁၀ ဦးစလုံးမှာ လူငယ်များဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသား ၁၀ ဦးစလုံးကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး မဲဆောက်ရဲစခန်းတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် စုံစမ်းစစ်ဆေးအမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


