စစ်တပ်၏ သွေးခွဲမှု နှင့်စစ်အာဏာရှင် ကျဆုံး၍ တနိုင်ငံလုံးလွတ်မြောက်ရန် လက်တကမ်းသာ လိုတော့သည်ကို သတိပြုကြရန် တိုက်တွန်း
ရန်ကုန်၊ မတ် ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ ဖြစ်ပေါ်လျက်ရှိသော မြေပြင်အငြင်းပွားမှုအချို့ ကြောင့် ဒေသခံပြည်သူများသာမက နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် ပြည်သူလူထုတရပ်လုံး အကြားတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှဗကြာင်း၊ မိမိတို့တော်လှန်ရေး အဖွဲ့ အစည်းအားလုံးမှာ ပြည်သူလူထု၏ လိုလားဆန္ဒကို ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းနေကြသူများပီပီ ပြည်သူများ၏ စိုးရိမ်သောကများ လျော့ကျစေရေး ဖြေလျော့ဆောင်ရွက်ပေးရန်လည်း အထူးတာဝန် ရှိသည့် အလျောက် နှစ်ဖက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက မိတ်ဖက်ပဋိပက္ခများအဖြစ်သာ ရှုမြင်ကြောင်း၊ နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းမည်ဆိုသည့် သန္နိဋ္ဌာန်ချမှတ်ထားကြကြောင်းကို ကြား သိရသည့်အတွက် အထူးကြိုဆိုကြောင်း NUG က ထုတ်ပြန်သည်။
၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့် ပလောင်ပြည်နယ် လွတ်မြောက် ရေးအဖွဲ့တို့သည် ညီညွတ်ရေးမဟာမိတ်စာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး ကချင်အမျိုးသားများ နှင့် ပလောင်အမျိုးသားများသည် နယ်မြေချင်းကပ်လျက် အေးအတူပူအမျှ အတူတကွ နေထိုင် လုပ်ကိုင် စားသောက်လာခဲ့ကြသော အမျိုးသားများဖြစ်ကြောင်းနှင့် နိုင်ငံရေးခံယူချက်ချင်း တူညီကြ ကြောင်း ၊ထို့အပြင် တစ်ဖွဲ့၏အကျိုးကို တစ်ဖွဲ့က အားပေးထောက်ခံ သွားမည်သာမက ကူညီရိုင်းပင်းသွားမည်ဟုလည်း ယင်းစာချုပ်တွင် ဖော်ပြထားကြောင်း၊ စာချုပ်ပါ အရေးအကြီးဆုံး မှတ်သားအပ်သည့်အချက်မှာ “အဖွဲ့အစည်းနှစ်ဖွဲ့ကြား ဖြစ်ပေါ်လာတတ်သည့် မည်သည့် ပဋိပက္ခမျိုးကို မဆို မိတ်ဖက်ပဋိပက္ခ ဖြေရှင်းနည်းဖြင့်သာ ဖြေရှင်းသွားမည်” ဆိုသည့် အချက်ဖြစ်ကြောင်း သိရှိရသည်။
နွေဦးတော်လှန်ရေးခေတ်တွင် စစ်အာဏာရှင်အား ဘုံရန်သူအဖြစ်လည်းကောင်း၊ ဖက်ဒရယ် ဒီမိုကရေစီပြည် ထောင်စုသစ် တည်ဆောက်ရေးအား ဘုံရည်မှန်းချက်အဖြစ်လည်းကောင်း တော်လှန် ရေးအင်အားစုများအကြား ထပ်တူထပ်မျှ မှတ်ယူကြကြောင်း၊ တော်လှန်ရေးအင်အားစုများ၏ ဟန်ချက်ညီ ကြိုးပမ်းမှုများကြောင့် ယနေ့ဆိုလျှင် ဒေသအလိုက် စစ်ကောင်စီ ကင်းစင်နယ်မြေများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့သကဲ့သို့ စစ်အာဏာရှင် ကျဆုံး၍ တနိုင်ငံလုံးလွတ်မြောက်ရန် လက်တကမ်းသာ လိုတော့သည့် အချိန်သို့ ရောက်ရှိနေပြီကြောင်း၊ အဖက်ဖက်ကအင်အားချိနဲ့ အရေးနိမ့်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီအဖို့ တော်လှန်ရေး အင်အားစုများအကြား သပ်လျှိုသွေးခွဲရေးသည် ၎င်းတို့၏ အဓိကဗျူဟာ ဖြစ်လာသည်ဆိုသည့် အချက်ကိုလည်း သတိပြုကြပြီးဖြစ်ကြောင်း၊ NUG က အကြံပြုသည်။
လတ်တလော ပေါ်ပေါက်သော အောက် ခြေ ပွတ်တိုက်မှုများမှသည် လူမျိုးရေးအမုန်းတရားဆီ အပြန့်ကျယ်မသွားစေရန်အတွက် နှစ်ဖက်အဖွဲ့ အစည်းခေါင်းဆောင်များအနေဖြင့် ထိန်းကျောင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ နှစ်ဖက်မျက် နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းလျှင် ပြဿနာအများစုအား အခက်အခဲမရှိ ဖြေရှင်းပြေလည်စေလိမ့်မည် ဟုလည်း နားလည်ကြောင်း NUG က တိုက်တွန်းသည်။
ယခုရက်ပိုင်းအတွင်းတွင်လည်း နှစ်ဖက်အဖွဲ့အစည်းများအကြား ဗဟိုအဆင့် ဆွေးနွေးမှုများ လုပ်ဆောင်မည်ဟု ဖော်ပြလာခြင်း၊ ပြည်သူလူထု၏ သဘောဆန္ဒကို ရယူမည်ဟု ဖော်ပြလာခြင်းများ သည် အပြုသဘောဆောင်ပြီး ပြည်သူကိုမျက်နှာမူလျက် အရေးကိစ္စများကို ဖြေရှင်းကြမည့် ပြယုဂ် များဖြစ်ကြလေရာ ယင်းအခြေအနေများကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုလိုက်သည်။
အားလုံးမှာ ပြည်သူကို အဓိကထား၍ တိုင်တည်ဆောင်ရွက်ကြသည့် တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်သည့် အားလျော်စွာ ပြည်သူကို မျက်နှာမူသည့် နည်းနာများဖြင့်သာ မိမိတို့၏ ကြုံတွေ့နေရသည့် အခက် အခဲများကို ရင်ဆိုင်ကျော်လွှား နိုင်မည်ဖြစ်သကဲ့သို့ ပြည်သူက လိုလားတောင့်တလျက်ရှိသည့် ဖက်ဒ ရယ်ဒီမိုကရေစီပြည် ထောင်စု ပန်းတိုင်ကို အရောက်ချီတက်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံရေးကိစ္စ များကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ကြရာတွင် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် လိုအပ်သလို ကူညီဆောင်ရွက်ရန် အသင့်ရှိပါကြောင်း NUG က တိုက်တွန်းထားသည်။
ဓာတ်ပုံ – ရှမ်းမြောက်ဒေသမှ နှစ်ဖက်တပ်ဖွဲ့ဝင်တချို့၏ အငြင်းပွား လက်သီးထိုးကြသည့် ရန်ပွဲဖြစ်စဉ်တစ်ခု။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
