29 C
Yangon

ရန်ပုံငွေ မလုံလောက်တော့သဖြင့် မြန်မာနိုင်ငံမှ လူဦးရေ ၁ သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့များ ရပ်ဆိုင်းမည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ WFP က ကြေညာ

Must read

ရန်ကုန်၊ မတ် ၁၄

ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က ရန်ပုံငွေ မလုံလောက်တော့သဖြင့် မြန်မာနိုင်ငံမှ လူဦးရေ ၁ သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့များကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန် ကြေညာသည်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုများနှင့် သွားရောက်ကူညီခွင့် ကန့်သတ်ချက်များ တိုးမြင့်လာခြင်းတို့ကြောင့် စားနပ်ရိက္ခာအကူအညီလိုအပ်ချက်များ ပိုမိုများပြားလာနေသည့်အချိန်တွင် ယခုကဲ့သို့ အထောက်အပံ့များ ရပ်ဆိုင်းရန်ဖြစ်လာရခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ရန်ပုံငွေ အသစ်မရရှိပါက WFP က အသက် ၅ နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက် မိခင်များနှင့် မသန်စွမ်းသူများ ပါဝင်သော လူဦးရေ ၃၅၀၀၀ ခန့်ကိုသာ အကူအညီများ ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ အထောက်အပံ့များ ရပ်ဆိုင်းမှုသည် ရိုဟင်ဂျာများ အပါအဝင် ရခိုင်ပြည်အလယ်ပိုင်းရှိ နေရပ်စွန့်ခွာသူ ၁ သိန်းကိုပါ ထိခိုက်မည်ဖြစ်ကြောင်း သိရှိရသည်။

“အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုတွေက အသက်ရှင်သန်ရေးအတွက် WFP အကူအညီ တစ်ခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန်ဆိုးရွားစွာ ရိုက်ခတ်နိုင်ပါတယ်။ ကျနော်တို့ WFP အနေနဲ့ကတော့ မြန်မာပြည်သူတွေကို ထောက်ပံကူညီသွားမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း ဆက်လက်ကြိုးစား လုပ်ဆောင်နေမှာ ဆိုပေမယ့်လည်း အကူအညီ တကယ်လိုအပ်နေတဲ့ သူတွေဆီ အကူအ​ညီတွေ ဆက်လက် ပေးပို့နိုင်ဖို့ရာ ရန်ပုံငွေတွေ ချက်ချင်းလက်ငင်းရရှိဖို့ အရေးကြီးပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောဆိုသည်။

ယခုနှစ်တွင် မြန်မာပြည်သူပြည်သူများအတွက် အသက်ကယ်ဆယ်ရေး ရိက္ခာအထောက်အပံ့များ ဆက်လက်ပေးအပ်နိုင်ရန် WFP က အမေရိကန်ဒေါ်လာ သန်း ၆၀ အရေးတကြီး လိုအပ်နေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၁၅ ဒသမ ၂ သန်းခန့်သည် တစ်နေ့တာ စားနပ်ရိက္ခာလိုအပ်ချက်ကို မပြည့်နိုင်သည့် အရေး ကြုံတွေ့နေရပြီး ယခင်နှစ်တွင် ရှိခဲ့သည့် လူဦးရေ ၁၃ ဒသမ ၃ သန်းမှ တိုးမြှင့်လာခြင်းဖြစ်ကြောင်း၊ လူဦးရေ ၂ ဒသမ ၃ သန်းသည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို အရေးပေါ် အခြေအနေအထိ ရင်ဆိုင်နေရကြောင်း WFP က ထုတ်ပြန်ကြေညာသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article