ရန်ကုန်၊ မတ် ၂၆
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး မိုင်းနင်းမိ၍ ကလေးငယ် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ဆောထိမြို့နယ်၊ ဆင်ရွာဂိတ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၃၅၀ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ အညာစု ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၄၅ နှစ်အရွယ် ဒေါ်မာမာအေး သေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၁၉ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်ရှိ ခလရ-၂၆၄ တပ်ရင်းက အကြမ်းဖက် စစ်ကောင်စီတပ်သားများက ကညင်ကျွန်းကျေးရွာအတွင်းကို ဒရုန်းဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
မတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထောင်ထားခဲ့သော မိုင်းနင်းမိပြီး အုန်းသျှစ်ခင်ကျေးရွာမှ ရွာအပြင်ထွက် ဆော့သည့် အသက် ၁၄ နှစ်အရွယ် မောင်ချစ်မင်းကိုနှင့် အသက် ၉ နှစ်အရွယ် မောင်ကိုကိုလင်း တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် အင်းလေးတောင်ဖက်ခြမ်းရှိ ဘုရားတောင်ရွာ ရပ်ကွက် ၃ ကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေး အဖွဲ့က ပြောဆိုသည်။
မတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ညောင်ရွှေမြို့နယ် ၊ အင်းလေးတောင်ဘက်ခြမ်းရှိ ဘုရားတောင်ရွာ ရပ်ကွက် ၃ ကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNA ပြည်သူ့စစ်တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်း ဗုံးသီး ၁၂၀ မမ ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




