ရန်ကုန်၊ ဧပြီ ၁၄
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ညောင်ဦးတစ်မြို့လုံးတွင် စစ်တပ်က CCTV များ တပ်ဆင်လိုက်ပြီး ထွေ/အုပ်ရုံးအတွင်းမှ လုံခြုံရေးယူ စောင့်ကြည့်နေကြောင် လုံခြုံရေးနှင့်ဆက်စပ်သော သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
PDF များက မကြာခဏဆိုသလို တိုက်ခိုက်မှုများ လုပ်ဆောင်နေသဖြင့် ယခုဧပြီလဆန်းပိုင်းအတွင်း စစ်တပ်က ညောင်ဦးမြို့ပေါ်တွင် CCTV များကို တပ်ဆင်လိုက်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် မြို့အဝင်အထွက်၊ မြို့လယ်ခေါင်များတွင် CCTV များကို တပ်ဆင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝင်းအတွင်းမှ လုံခြုံရေး ယူစောင့်ကြည့်နေကြောင်း သိရှိရသည်။
“ပုဂံ ညောင်ဦးတစ်မြို့လုံးနဲ့ မီးပွိုင့်တွေမှာ CCTV တပ်ဆင်ထားတယ်။ မကြာခဏ PDF တွေ တိုက်ခိုက်သွားတဲ့နေရာတွေနဲ့ လမ်း ခွဲတွေ မြို့အဝင်အထွက်တွေမှာ တပ်ဆင်ထားတယ်။ အဲဒါတွေကို ထွေအုပ်ရုံးထဲကနေ ထိုင်စောင့်ကြည့်နေတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ယခုသင်္ကြန်ကာလ စစ်ကောင်စီက ပွဲလမ်းသဘင်များ မလုပ်ရန် ညွှန်ကြားချက် ထွက်ပေါ်လာသော်လည်း ညောင်ဦးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လုပ်ငန်းရှင်များနှင့်စီးပွားရေးလုပ်ငန်းများထံမှ သင်္ကြန် အလှူငွေများ ကောက်ခံထားသဖြင့် မြို့နယ်သင်္ကြန်မဏ္ဍပ်ကို မဖျက်သိမ်းတော့ဘဲ သင်္ကြန်ပွဲကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ – ၂၀၂၀ ခုနှစ် ပုဂံတွင် လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ဝင်များ။
Photo-AFP ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
