ရန်ကုန်၊ဧပြီ ၂၈
စစ်ကိုင်းတိုင်း ကနီမြို့နယ် နတ်လာပို့ရွာနှင့် နတ်ကြီးရွာတို့ကို အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးသုံး လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သဖြင့် နတ်လာပို့ရွာမှ ပြည်သူ ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနီမြို့နယ် သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၁၄ မိနစ်အချိန် အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးဖြင့် လေကြောင်းပစ်ခတ်မှု လုပ်ဆောင်ခဲ့ကြောင်း၊ မပေါက်ကွဲသးသည့် လက်နက်ကြီးများလည်း ရွာအတွင်းနှင့် ရွာအနီးနားတွင် ကျန်ရှိနေသေးကြောင်း သိရှိရသည်။
ထို့ပြင် ဧပြီလ ၂၇ ရက်နေ့ ညပိုင်း အကြမ်းဖက် စစ်တပ်က နတ်လာပို့ရွာကို စက်တပ်လေထီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံး၍ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနီမြို့နယ် သတင်းနှင့် ပြန်ကြားရေးထံမှ သိရှိရသည်။
“နတ်ကြီးရွာက ဘာမှ ထိခိုက်မှု မရှိပါဘူး။ မနေ့ညကတော့ နတ်လာပို့ရွာကို ပါရာမော်တာနဲ့ချတာက အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်။ နွားတစ်ကောင် သေတယ်။ ဒီဘက်မှာက တိုက်ပွဲ မရှိတာကြာပြီ။ ပြည်သူကို ဦးတည်ပြီး တိုက်နေတာ”ဟု ကနီမြို့နယ် သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
