ရန်ကုန်၊ မေ ၈
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကန့်တလူရွာအနီးတွင် ဆက်ကြေးကောက်ရန်လာသော စစ်ကောင်စီ ကား တစ်စီးကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း Generation Z Power – GZP မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ ကန်တလူကျေးရွာ အနီးတွင် ဆက် ကြေးကောက်ခံရန်ထွက်လာသည့် စစ်သား၊ ပျူစောထီးများ လိုက်ပါလာသည့် ကား ၁ စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့် ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်သား၊ ပျူစောထီးများ လိုက်ပါလာသည့် ကားကို ဖျက်ဆီးနိုင်ခဲ့ကာ ကား ပေါ်ပါ စစ် သား၊ ပျူစောထီး ၃ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လမ်းပေါ်ရှိ ခရီးသွား ပြည်သူများ ထိခိုက်မှုမရှိစေ ရန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
“Mark 2 ကားနဲ့ကင်းပတ်လာတာ။ ကားပေါ်မှာ ၄ ဦးပါတယ်။ ကန့်တလူနားကလမ်းပေါ်မှာဆိုတော့ ပြည်သူကားတွေရော ရှိနေတာ၊ အဲဒီ ပျူကားကိုပဲ ထိထိမိမိ ချေမှုန်းနိုင်ခဲ့တာပါ။ ကားပေါ်မှာ သေ နတ်ထိမှန်ပြီး ထွက်ပြေးလို့ လိုက်သေးတယ်။ ပြည်သူတွေရော၊ ပြီးတော့ လမ်းပေါ်မှာကြီးလည်း ဖြစ်နေတော့ ဆက်မလိုက်ပဲ ပြန်ဆုတ်ခဲ့လိုက်တာ။ လက်နက်တွေတော့မရခဲ့ဘူး။ အတော်လှမ်းလှမ်း တနေရာအရောက်မှာ ၃ ယောက်သေပြီး တစ်ယောက်က လက်ဒဏ်ရာနဲ့ထွက်ပြေးတာ။ အလောင်းနဲ့ ကားကတော့ တပ်မ ၃၃ ကနေ လာသယ်သွားပါပြီ” ဟု Generation Z Power – GZP မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြ ပြောက်ကျား တပ်ဖွဲ့ နှင့် မဟာမိတ်တပ်ဖွဲ့ ဖြစ်သော Taw Twin Tup Pee LDF ၊ BRA LDF နှင့် ရပ်ကျေးပကဖ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီအတွက် သွားစရာလမ်းမရှိတော့ပါဘူး။ ဒါကြောင့်မို့ စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူတွေနဲ့ စစ်ကောင် စီလက် အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အမြန်ဆုံးအလင်းဝင်ကြဖို့ တိုက်တွန်းရင်း သတိပေးချင်ပါတယ်” ဟု Generation Z Power – GZP မှ တာဝန်ရှိသူက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
