ရန်ကုန်၊ မေ ၈
ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက သတင်းထုတ်ပြန်သည်။
မေလ ၇ ရက်နေ့ အဆိုပါ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို MNA လေယာဉ်ဖြင့် မြန်မာစစ်တပ်က သွား ရောက် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသား ၆ ဦးကိုလည်း တစ်ပါးတည်း မြန်မာနိုင်ငံသို့ပိုဆောင်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိခင်မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇားလေဆိပ်မှတစ်ဆင့် MNA လေယာဉ်ဖြင့် မေလ ၇ ရက်နေ့ မွန်းလွဲပိုင်း ပို့ဆောင်ရာတွင် ဘင်္ဂလားဒေ့ရှ် အခြေစိုက် စစ်ကောင်စီ သံရုံးကလည်း လွှဲပြောင်းမှု လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၈၇၅ ဦးနှင့် အခြားအမှုထမ်းများကို ပြီးခဲ့သည့်နှစ်အတွင်း ရေကြောင်းဖြင့် ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
